လူအများစုဟာ တစ်နေ့တာကို သွားတိုက်တာနဲ့အစပြုပြီး သွားတိုက်တာနဲ့ပဲ အဆုံးသတ်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေးက ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းရဲ့လားဆိုတာ စဉ်းစားမိကြပါရဲ့လား။
သွားတိုက်ဆေးတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေပါဝင်တာကို သိပြီးနောက်မှာတော့ ကိုယ်ရဲ့အိမ်မှာပဲ အလွယ်တကူဖော်လို့ရမယ့် နည်းလမ်းလေးတွေကို သိချင်သူများအတွက် ယခုပဲမျှဝေပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
အုန်းဆီ
မုန့်ဖုတ်ဆိုဒါ
နနွင်းမှုန့်
ပူစီနံအဆီ
ပြုလုပ်ပုံ
၁။ အုန်းဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ပန်းကန်လုံးထဲထည့်ပါ။
၂။ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၂ ဇွန်းကိုလည်း ထည့်ပေးပါ။
၃။ နှစ်သက်ပါက ပူစီနံအဆီ ၁၅ စက်ကိုလည်း ရောထည့်ပါ။
၄။ နောက်ဆုံးအနေနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကိုထည့်ပေးပါ။
၅။ အားလုံးပြီးသွားလျှင် ဇွန်းကိုအသုံးပြုပြီး ပါဝင်ပစ္စည်းတွေအကုန်လုံးကို ပျစ်သည်အထိ မွှေပေးပါ။
ပျစ်သွားသည့်အခါမှာတော့ သင့်ရဲ့အိမ်လုပ်သွားတိုက်ဆေးရရှိမှာဖြစ်ပါတယ်။
Source: Top10 Home Remedies