ကျန်းမာတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ဖို့အတွက် မနက်ခင်းအိပ်ရာနိုးနိုးချင်းမှာ ဒီအရာလေးတွေလုပ်ပေးကြည့်ပါနော်…
မနက်နိုးနိုးခြင်း ရေချိုးပေးပါ
မနက် အိပ်ရာ ထထခြင်းရေချိုးပေးရင် ဦးနှောက်ကို ပိုပြီး တက်ကြွစေပြီး တခြားပြင်ပ အနှောင့်အယှက်တွေမဝင်အောင်ကူညီပေးနိုင်ပါတယ်။
မနက်ခင်းမှာရေချိုးရင် အတွေးအခေါ်အသစ်တွေကို ရရှိစေနိုင်ပါတယ်။
ဒါ့ကြောင့် မနက်မိုးလင်းတာနဲ့မျက်နှာသစ်တာမျိုးမဟုတ်ဘဲ ရေချိုးသင့်ပါတယ်။
ရေအေးနဲ့ချိုးပါ
ရေနွေးက စိတ်ကို ကြည်လင်စေနိုင်ပေမယ့် ရေချိုးပြီးနောက်မှာ ပြန်အိပ်ချင်ပါလိမ့်မယ်။
ဒါ့ကြောင့် မနက်ခင်းမှာ ရေအေးနဲ့ဘဲ ရေချိုးသင့်ပါတယ်။ ဒါက ဦးနှောက်ကို တက်ကြွ ကြည်လင်စေပြီး ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။
အဲ့ဒီအပြင် ကိုယ်ခံအားစနစ်ကိုလည်းပိုကောင်းစေပါတယ်။ ရေအေးက ရေပူလို အသားအရေ ခြောက်သွေ့တာမျိုးမဖြစ်စေတဲ့အပြင် ရေအေးနဲ့ရေချိုးရင် ကိုယ်အလေးချိန်ကျဆင်းအောင်လည်းကူညီပေးနိုင်ပါတယ်။
အိမ်သာတက်ရင်း ဖုန်းမကြည့်ပါနဲ့
ဒါကတော့ အခုနောက်ပိုင်း လူတွေတော်တော်များများ ပြုလုပ်မိတဲ့ အလေ့အကျင့်တစ်ခုပါဘဲ။
အိမ်သာထဲဖုန်းကို ယူသွားရင် ဖုန်းမှာ ဘက်တီးရီးယားတွေအများကြီးကပ်နိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အဲ့ဒီအပြင် တခြားလူတွေရဲ့ Comments တွေဖတ်ပြီး ကိုယ့်အချိန်က ကုန်မှန်းမသိကုန်သွားကာ ရုံးနောက်ကျတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
ကော်ဖီရိုးရိုးသောက်ပါ
မနက်ခင်း ဗိုက်ထဲမှာ အစာမရှိခင်မှာ Black Coffee သောက်ရင် အစာအိမ်အောင့်တာ၊ စိတ်လှုပ်ရှားတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် မနက်ခင်းကော်ဖီကို နွားနို့ အနည်းငယ်နဲ့ဖြစ်ဖြစ် သောက်သင့်ပါတယ်။