ငှက်ပျောသီးက ဈေးလည်းသက်သာပြီး ရာသီမရွေး စားသုံးလို့ရပါတယ်။ ငှက်ပျောသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာသိကြပေမယ့် ငှက်ပျောသီးအခွံရဲ့အသုံးဝင်ပုံကိုတော့ သိကြသူတွေနည်းပါတယ်။
ငှက်ပျောသီးအခွံမှာ Antioxidants တွေနဲ့ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ငှက်ပျောသီးအခွံမှာ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဝမ်းချုပ်တာကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ငှက်ပျောသီး ၁ လုံး (အခွံပါ အပါ)
အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း
ရေ တစ်ခွက်
ပြုလုပ်နည်း
ပထမဆုံး ငှက်ပျောသီးကို ဖျော်စက်ထဲထည့်ပါ။ အခွံကို ပါးပါးလှီးပြီး ဖျော်စက်ထဲထည့်ပါ။ ရေနဲ့ အုတ်ဂျုံပါထည့်ပါ။
ဖျော်ပြီးပြီးချင်းသောက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ကြားသောက်ပါ။