ကင်ဆာ
ရုံးပတေသီးမှာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သူ့မှာ Lection (ပရိုတင်းအမျိုးအစား တစ်ခုဖြစ်ပြီး ဆဲလ်နံရံတွေကို အားကောင်းစေ) ဓာတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေ အထူးသဖြင့် ရင်သားမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ရင်သားမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေက သက်တမ်းနုသေးတယ်ဆိုရင် ၇၂ ရာခိုင်နှုန်းလောက် သေစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေ
ရုံးပတေသီးမှာ Phenol ဓာတ်နဲ့ Flavonoid ဓာတ်တို့ မြင့်မားစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
Mazandaran ဆေးပညာဆိုင်ရာ တက္ကသိုလ်ရဲ့ ရုံးပတေသီးကို လေ့လာချက်အရ ရုံးပတေသီးမှာ စိတ်ဓာတ်ကျတာကို ပြန်လည်မြှင့်တင်နိုင်စွမ်း ရှိပါတယ်။
ဆီးချို
ရုံးပတေသီးက ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။ ဆီးချို ရောဂါဖြစ်ပွားနေတဲ့ ကြွက်တွေကို ရုံးပတေသီးနဲ့ စမ်းသပ်ကုသလိုက်တဲ့အခါမှာ သူတို့ သွေးအတွင်းက သကြားဓာတ်တွေကျဆင်းသွားပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။ တိုင်းရင်းဆေးတွေမှာလည်း ရုံးပတေသီးကို ဆီးချိုကျတဲ့ ဆေးအဖြစ် အသုံးပြုကြပါတယ်။
အသည်း
၂၀၁၁ ခုနှစ်၊ ဆော်ဒီ ပါရာမက်ဒီကယ် ဂျာနယ်မှာ ရုံးပတေသီးက အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ရုံးပတေသီးမှာပါဝင်တဲ့ Antioxidants တွေက အသည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
ကျောက်ကပ်
၂၀၀၅ ခုနှစ်က Jilin Medical ဂျာနယ်က ရုံးပတေသီးကို သုတေသနလုပ်ထားတဲ့ စာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကျောက်ကပ်ရောဂါဖြစ်ပွားနေတဲ့သူတွေကို အဖွဲ့ ၂ ဖွဲ့ခွဲထားပြီး တစ်ဖွဲ့ကို ရုံပတေသီးမှာပါတဲ့ ဓာတ်တွေနဲ့ ကုသခဲ့ပြီး ကျန်အဖွဲ့ကိုတော့ သာမန် ကျောက်ကပ်ကုသနည်းအတိုင်း ၆ လ ကုသခဲ့ပါတယ်။ သာမန်ကုသနည်းအတိုင်းကုသခဲ့တဲ့အဖွဲ့က ထူးခြားမှုမရှိဘဲ ရုံးပတေသီး ကုသနည်းနဲ့ ကုသခဲ့တဲ့အဖွဲ့ကတော့ ဆီးထဲမှာပရိုတင်းဓာတ်နဲ့ ယူရစ်အက်ဆစ်ဓာတ်တွေ လျော့နည်းလာပြီး ကျောက်ကပ်ကျန်းမာရေး ပိုတိုးတက်လာပါတယ်။