အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်းလောက်က အိမ်တွေမှာ မိုက်ခရိုဝေ့တွေ ရှိကြပါတယ်။ ဒါက အံ့သြစရာအချက်အလက်တော့ မဟုတ်ပါဘူး။ မိုက်ခရိုဝေ့က ဟင်းနွေးတာကနေ အစ ပေါက်ပေါက်ဆုပ်လုပ်လို့ရတဲ့အထိကို အသုံးဝင်တာကိုး။ ဒါပေမယ့် မိုက်ခရိုဝေ့တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ လူတော်တော်များများက လေ့လာဖို့ အချိန်မရှိကြပါဘူး။ မိုက်ခရိုဝေ့ အလုပ်လုပ်ပုံ အကျဉ်းချုပ်ကို အောက်မှာရှိတဲ့ YouTube Link မှာ ရှင်းပြထားပါတယ်။
မိုက်ခရိုဝေ့က မိခင်နို့နဲ့ ဗီတာမင် B-12 ကို ဖျက်ဆီးဖြစ်နိုင်
မိုက်ခရိုဝေ့ထဲထည့်ရင် အမဲသား၊ ဝက်သား၊ နွားနို့တွေမှာ ပါဝင်တဲ့ B-12 ဗီတာမင် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။ B-12 ဗီတာမင်က သွေးအတွင်းဆဲလ်များ၊ DNA နဲ့ အာရုံကြော ကျန်းမာရေးတွေကို ကောင်းစေပါတယ်။မိခင်နို့ကို မိုက်ခရိုဝေ့ထဲထည့်ပြီး နွေးရင် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ တိုးပွားလာစေပါတယ်။ မိခင်နို့ကို မိုက်ခရိုဝေ့ထဲမှာ ထည့်ပြီး နွေးရင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ E Coli ဓာတ်တွေကို ပိုးတိုးနိုင်ချေ ၁၈ ဆမြင့်စေပါတယ်။
ဟင်းသီးဟင်းရွက်မှာ ပါတဲ့ ဓာတ်တွေကို ထိခိုက်စေ
ဟင်းသီးဟင်းရွက်တွေကို မိုက်ခရိုဝေ့ထဲထည့်ရင် သူတို့မှာရှိနေပြီးသား ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်တွေကို လျော့နည်းစေပါတယ်။
ပလပ်စတစ်ခွက်တွေနဲ့ မိုက်ခရိုဝေ့ကို မနွေးသင့်
မိုက်ခရိုဝေ့တွေထဲမှာ ပလပ်စတစ်ခွက်တွေကို ထည့်နွေးရင် ကျန်းမရေးနဲ့ မသင့်တော်တဲ့ BPA၊ Polyethylene Terephthalate (PET)၊ Benzene ၊ Toluene နဲ့ Xylene ဓာတ်တွေ ထွက်ရှိလာပါတယ်။
သွေးဖွဲ့စည်းမှုကို ထိခိုက်
မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသနပြုလုပ်ချက်အရ မိုက်ခရိုဝေ့နဲ့ နွေးတဲ့ ချက်တဲ့ နွားနို့၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးရင် သွေးထဲမှာ သွေးနီဥတွေ အများကြီး လျော့နည်းလာတတ်ပါတယ်။ သွေးဖြူဥတွေကလည်း ကိုလက်စထရောဓာတ်တွေနဲ့အတူ များလာပါလိမ့်မယ်။ ရေရှည်ကျရင် သွေးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
နှလုံး ကျန်းမာရေးကို ထိခိုက်နိုင်
မိုက်ခရိုဝေ့ကထွက်တဲ့ ဓာတ်ရောင်ခြည်တွေက နှလုံးကို ထိခိုက်နိုင်ချေရှိတယ်လို့ ကနေဒါနိုင်ငံ၊ Trent တက္ကသိုလ်က ဒေါက်တာ မာဒါ ဟာဗက်စ် ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိရပါတယ်။
မိုက်ခရိုဝေ့သုံးပြီး ချက်ပြုတ်ထားတဲ့၊ နွေးတဲ့ အစားအစာတွေကို စားပြီး နှလုံးခုန် မမှန်တာ၊ ရင်ဘတ်အောက်တာတွေဖြစ်လာရင် မိုက်ခရိုဝေ့ကို ဆက်ပြီး မသုံးသင့်တော့ပါဘူး။