အမြဲတမ်းတော့ ပိုက်ဆံရတဲ့အချိန်မှာ ပျော်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်စားလိုက်တဲ့ အစားအစာမှာ ထူးထူးဆန်းဆန်း နောက်ထပ် အသီးတစ်မျိုး စားတဲ့အခါမှာတော့ ပျော်ရွှင်ကြပါတယ်။
- လိမ္မော်သီးတစ်လုံးရဲ့ အလယ်ထဲမှာ လိမ္မော်သီးလေး ပါလာတတ်ပါတယ်။
- မုန့်ဝယ်တဲ့စက်က ပြဿနာတတ်ပြီး မုန်တွေအများကြီး ကျလာတဲ့အခါ
- ဖရဲသီးမှာ အဖြူရောင် ဘေးအသားတွေ နည်းပြီး တစ်လုံးလုံးနီးပါး စားလို့ရတဲ့အခါ
- ထောပတ်သီးမှာ အစေ့မပါဘဲ အသားအပြည့်ဘဲ ပါလာတဲ့အခါ
- ငရုတ်ပွသီး အနီထဲမှာ ငရုတ်ပွသီး အစိမ်လေးပါ ပါလာတဲ့အခါ
- ကိုယ်စားနေကျ Pizza ဗူးလေးထဲမှာ ၂ ချပ်အစား ၃ ချပ်ပါလာတဲ့အခါ
- စတော်ဘယ်ရီသီး အကြီးကြီးကို စားလိုက်ရသောအခါ
- ကြက်ဥတစ်လုံးထဲမှာ အနှစ် ၂ ခုစီ ပါလာသောအခါ
- ချောကလက်ထဲမှာ ချောကလပ်လုံးတွေအားလုံးစုပြီး ပါလာသောအခါ
- မြေပဲ လှော်ထဲမှာ မြေပဲ အဆံတွေ ၅ ခုလောက်ပါလာသောအခါ
- ကိုယ့်သဘာဝ စိုက်ခင်းထဲမှာ ထူးထူးဆန်းဆန်း သံပုရာသီး အကြီးကြီး သီးလာသောအခါ
- ဘလူးဘယ်ရီ အသီး ကြီးကြီးတွေ ရလာသောအခါ
- ကြက်ဥ အလုံးတစ်ခုထဲမှာ နောက်ထပ် ကြက်ဥအလုံးလေး ပါလာသောအခါ
- ငှက်ပျောသီး အမြွှာစားရသောအခါ
တခါတလေ ဒီလို ကိုယ်မထင်ထားတဲ့ အခန့်မသင့်ပါလာတဲ့ အစားအစာ ထူးထူးဆန်းဆန်းလေးတွေက ကိုယ့်ကို ထီပေါက်သလိုဘဲ ပျော်ရွှင်ရပါတယ်။ စာဖတ်ပရိတ်သတ်ကြီးကော ဒီလို အစားအစာ ကံထူးဖူးရင် Comment Box မှာ မျှဝေပါဦးနော်။