သွားဆိုတာ ကျွန်မတို့ လူသားတွေအတွက် အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ လူလူချင်း ဆက်သွယ်စကားပြောဖို့၊ ပိုပြီးရင်းနှီးလာဖို့၊ ခင်မင်မှုတွေတိုးဖို့အတွက် အပြုံးလေးတွေနဲ့ နှုတ်ဆက်ကြပါတယ်။ ဒါ့ကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူတစ်ယောက်အတွက် အရေးပါလှပါတယ်။

Candy Confectionery Sweet Treat Hand Made Sweets

မိသားစုဝင်အတွင်း သွားတွေ ပျက်စီး၊ သွားပိုးစားခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သကြားနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကြောင့်ပါ။ ဒီအစားအစာတွေ စားသုံးပြီး ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စားကြွင်းစားကျန်တွေကို သွားလေးတွေမှာ ကပ်နေတဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေက စားသုံးပြီးနောက်မှာ အက်ဆစ်ဓာတ်ထုတ်ပေးပါတယ်။အခုလို ထုတ်လိုက်တဲ့ အက်ဆစ်ဓာတ်တွေကြောင့် သွားအခေါင်းပေါက်ဖြစ်ပြီး နောက်ပိုင်း သွားပိုးစားလာပါတယ်။

Dental_Caries_Cavity_2

အစပိုင်းမှာတော့ သွားပိုးစားနေပေမယ့် ကြွေသွားလွှာက အာရုံခံစားနိုင်မှုမရှိတာကြောင့် ကာယကံရှင်က သွားပိုးပေါက်ရှိတာကို မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်တွေဆီ အချိန်မီ ပြသနိုင်ခြင်းမရှိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ သွားပိုးစားရင် ဖယ်ရှားဖို့သိပ်ခက်ပါတယ်။ သွားပိုးပေါက်ထဲ စားကြွင်းစားကျန်တွေကျန်ခဲ့ရင် နောက်တစ်နေ့ သွားကိုက်လွန်းလို့ နေလို့တောင်မရတာမျိုး ကြုံဖူးသူတိုင်း သိကြမှာပါ။ သွားကိုက်ဝေဒနာ ဘယ်လောက်နာကျင်တယ်၊ သွားပိုးစားရင် နောက်ဆက်တွဲ ဘယ်လိုဒုက္ခတွေ ခံရတယ် ဆိုတာ ခံစားဖူးသူမှပဲ နားလည်ကြမှာပါ။

ဒီနေ့မှာတော့ စာဖတ်သူတို့ မိသားစုဝင်အားလုံးအတွက် သွားပိုးစားတာကို ဖြေရှင်းနိုင်ဖို့ သဘာဝ အခြေခံ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

sugar-485045_960_720

၁။ သကြားရှောင်ပါ။

သွားအခေါင်းပေါက်ကင်းရှင်းပြီး ကျန်းမာတဲ့ သွားကိုပိုင်ဆိုင်စေဖို့ အချိုနဲ့ သကြားပါဝင်မှုများတဲ့ အစားအစာကို ရှောင်ပါ။ စားပြီးရင်လည်း သွားသေချာတိုက်ပေးပါ။

498450545_1280x720

၂။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေစားပါ။

အသီးအရွက်၊ အုန်းဆီ နဲ့ ထောပတ်သီး များများစားပါ။ ဒီအစားအစာတွေက သွားပိုးစားတာကို တိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။

Fresh_Vegetables

၃။ Phytic အက်ဆစ်ကို ဖယ်ရှားသင့်ပါတယ်။

Phytic အက်ဆစ်ဓာတ်ကို အခွံမာသီးတွေ၊ ပဲပုပ်၊ စားသုံးနိုင်တဲ့ အစေ့တွေ၊ ပဲအမျိုးမျိုးတွေမှ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေစားပြီးရင် သွားတိုက်ပေးသင့်ပါတယ်။

130708-beans-and-pulses-monthly-report-may-2013-daphne-aye

၄။ ဖလိုရိုက်ဒ်နဲ့ မိုက်ခရိုကယ်လ်ဆီယမ် ပါဝင်တဲ့ သွားတိုက်ဆေးကို အသုံးပြုပေးပါ။

ဖလိုရိုက်ဒ်နဲ့ မိုက်ခရိုကယ်လ်ဆီယမ် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ပေးခြင်းဖြင့် သွားများကို မနက်ဘက်မှာ သွားပိုးပေါက်မဖြစ်အောင် ကာကွယ်ပေးပြီး ညဖက်မှာလည်း မျက်စိနဲ့ မမြင်နိုင်တဲ့ သွားပိုးပေါက်လေးတွေကို ဖာထေးပြုပြင်ပေးနိုင်ပါတယ်။