ချဉ်ပေါင်သီး ချဉ်ပေါင်ရွက်ဆိုတာကတော့ မြန်မာတို့ရဲ့ အကြိုက်ဆုံး ဟင်းလျာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဒီလို အစားအစာတွေကို ကျွန်မတို့ အလွယ်တကူ ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူစားသုံးနိုင်ကြတယ်မလား။
ချဉ်ပေါင်ရွက်ကို ဟင်းရည်ချက်စားတာ ကြော်စားတာ စသဖြင့်အမျိုးမျိုးချက်စားကြပါတယ်။ စာဖတ်သူကတော့ မျှစ်နဲ့ချဉ်ပေါင်ရွက်ကြော်စားရင် သိပ်ကိုထမင်းစားမြိန်ပါတယ်။ ကဲ ဒါဆို ချဉ်ပေါင်သီး ချဉ်ပေါင်ရွက်တွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
သွားနဲ့ သွားဖုံးကို ကျန်းမာစေခြင်း
ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး မေးရိုးကိုခိုင်ခန့်စေသလို သွားနဲ့ သွားဖုံးကို ကျန်းမာစေပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစေတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သံဓါတ်မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကိုစားပေးသင့်ပါတယ်။ ချဉ်ပေါင်ရွက်လို သံဓါတ်မြင့်မားစွာပါဝင်တဲ့အစားအစာဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် အထူးသင့်တော်ပါတယ်။
အအေးမိဖျားနာတာကို ကုသပေးနိုင်ခြင်း
ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်သီးဟာ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး အအေးမိဖျားနာတာ ကို သက်သာပျောက်ကင်းစေပါတယ်။
ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း
ဒါကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါနော်။ ချဉ်ပေါင်ရွက်က ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။
အားနည်းခြင်းကိုကာကွယ်ပေးခြင်း
ကြွက်သားအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ စတဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသေးအမွှားပြဿနာတွေကို ချဉ်ပေါင်ရွက်က သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ်ကိုကျန်းမာစေပြီး တက်ကြွလန်းဆန်းစေပါတယ်။