သစ်သီးတွေရဲ့ ဘုရင်လို့တင်စားလောက်တဲ့ထိ အကျိုးအာနိသင်များတာကတော့ သရက်သီးပါပဲ။ မှည့်တာဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ် နှစ်မျိုးလုံးကို လူကြိုက်များပါတယ်။ ဒီတခါမှာတော့ သရက်ရွက်ရဲ့ ဆေးဖက်ဆိုင်ရာ အာနိသင်အကြောင်းကို မျှဝေချင်ပါတယ်။
သွေးဖိအားကျစေခြင်း
သရက်ရွက်ဟာ သွေးဖိအားကိုကျစေပါတယ်။ သရက်ရွက်ကို ရေသေချာဆေး ရေနွေးနဲ့ကြိုပြီးသောက်ပေးတာဟာ သွေးဖိအားကိုကျစေပါတယ်။
ဆီးချို
သရက်ရွက်ဟာ ဆီးချိုအတွက်အကောင်းဆုံးဆေးတစ်လက်ပါပဲ။ သရက်ရွက်လက်ဖက်ရည်ဟာ ဆီးချိုရှောင်ချင်တဲ့သူတွေအတွက် အကောင်းဆုံး အရွက်ဖြစ်ပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်
သရက်ရွက်ရေနွေးကြမ်းကိုသောက်ပေးတာဟာ အအေးမိတာ၊ နှာစေးတာ စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အပူလောင်ခြင်း
သရက်ရွက်ကို အပူလောင်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။ သရက်ရွက်ကို အပူပေးပြီး မီးလောင်ဒဏ်ရာပေါ်မှာ ကပ်ပေးထားပါ။
စိတ်ဖိစီးမှုကို သက်သာစေခြင်း
စိတ်ဖိစီးမှုကိုသက်သာပျောက်ကင်းစေဖို့ သရက်ရွက်ရေနွေးကြမ်းကို တစ်နေ့ ၂ ခွက် (သို့) ၃ ခွက်သောက်ပေးပါ။
ကျောက်ကပ်ကျောက်တည်တာကို သက်သာစေတယ်
မနက်ပိုင်းမှာ သရက်ရွက်အခြောက်ကို ချေ ရေနဲ့ရောပြီးသောက်ပေးပါ။ ကျောက်ကပ်အတွင်း ကျောက်တည်တာကို သက်သာစေပါတယ်။
လည်ပင်နာခြင်း
လည်ပင်းနာတာတွေနဲ့ တခြားလည်ချောင်းနဲ့ဆိုင်ရာ ပြဿနာတွေကို သရက်ရွက်နဲ့ ကုသပေးလို့ရပါတယ်။ သရက်ရွက်ကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့ကို ရှုပေးပါ။