ဒီကနေ့ခေတ်ကာ အကိတ်ခေတ်ဆိုပေမယ့် တချို့ကလည်း ကိတ်လွန်းလို့ နည်းနည်းလေး ပြန်ပြီးသေးချင်တဲ့သူတွေရှိပါတယ်။
အဲဒီအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ရေနွေးကြမ်း (သို့) Green Tea သောက်ပါ
ရင်သားကြီးတာဟာ ကိုယ်အလေးချိန်နဲ့လည်းဆိုင်ပါတယ်။ တချို့ကဝရင် အဆီများရင်လည်း ရင်သားကြီးတတ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက် (သို့) ၃ ခွက်သောက်ပါ။
၂။ သံပုရာရည် (သို့) Citrus Fruit တွေဖျော်သောက်ပါ
သံပုရာသီး၊ လိမ္မော်သီး စတဲ့ Citrus Fruit တွေကို ဖျော်သောက်ပါ ။ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးပါတယ်။
၃။ ငါးစားပါ
ငါးဟာလည်း ရင်သားအရွယ်အစားကို သေးစေပါတယ်။ Omega 3 Fatty Acid ပါဝင်ပြီး အဆီကိုချေဖျက်နိုင်စွမ်းရှိပါတယ်။
၄။ အလေးတုံးမပါ
လေ့ကျင့်ခန်းလုပ်ပေးပါ။ Chest ဆိုတဲ့ ရင်ဘတ်နားက ကြွက်သားတွေ အတွက် အလေးတုံးကိုမပေးပါ။ ရင်ဘတ်နားက အဆီတွေကိုကျစေပြီး ရင်သားအရွယ်အစားကို သေးစေဖို့ ကူညီပေးပါတယ်။
၅။ Decline Press
အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် အတုံးအသေးနှစ်ခုကိုမပြီး အပေါ်ကို တွန်းပေးပါ။ တစ်နေ့ကို ၁၀ ကြိမ် ၁၅ကြိမ်လောက်တွန်းပေးနိုင်ပါတယ်။
၆။ Inline Press
ခုံကို နည်းနည်းတစောင်းလေးထောင်ထားပေးလိုက်ပြီး ကျောလှဲနေပါ။ ပြီးရင် အလေးတုံးအသေးနဲ့ တွန်းပေးရပါမယ်။ လက်နှစ်ဖက်ကို နည်းနည်းကားပြီး တွန်းပေးရမှာပါ။
၇။ နှိပ်ပေးပါ
ရင်သားကို နှိပ်ပေးပါ။ တချို့ ရင်သားကို ကိုင်ရင် ရင်သားကြီးတယ်ဆိုပြီး အထင်မှားကြပါတယ်။ ရင်သားကို ကိုင်တာနဲ့ နှိပ်နယ်ပေးတာမတူပါဘူးနော်။ ရေမချိုးခင်မှာ လက်နဲ့ ညင်သာစွာနှိပ်နယ်ပေးပါ။ ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။ သံလွင်ဆီ (သို့) အုန်းဆီကို အသုံးပြုပြီးလည်း နှိပ်ပေးနိုင်ပါတယ်။