ဆံပင်ကျွတ်တဲ့ပြဿနာဟာ အရွယ်ရောက်ပြီးသူ တော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။

အဲဒီလို ဆံပင်ကျွတ်တဲ့ပြဿနာကို ကြုံတွေ့နေရတဲ့သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်နော်။

အုန်းဆီကို ဆံကေသာသန်စွမ်းစေဖို့နဲ့ ဆံကေသာနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် များစွာအသုံးပြုကြပါတယ်။ အုန်းဆီမှာ Fatty Acids နဲ့ Amino Acids ပါဝင်ပြီး သင့်ဆံကေသာကို အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်သလို ဆံပင်ကျွတ်ခြင်း၊ ဆံပင်ခြောက်ခြင်းနဲ့ ဆံပင်အဆီပြန်ခြင်းကို လျော့နည်း သက်သာစေပါတယ်။

ဒါ့အပြင် ကြက်သွန်နီနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ကျွတ်သွားတာ ဆံကေသာကို ပြန်ပြီးသန်စွမ်းစေမှာဖြစ်သလို၊ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၁ လုံး

အုန်းဆီစားပွဲတင်ဇွန်း ၃ ဇွန်း

ပြင်ဆင်ခြင်း

အရင်ဆုံး အုန်းဆီကို အပူပေးလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး အရည်ညှစ်ထုတ်လိုက်ပါ။ ပြီးရင် နှစ်ခုရောလိုက်ပြီး ဦးရေပြားပေါ်လိမ်းပေးကာ ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၄၀ လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ရင်လုံလောက်ပါပြီ။