ဗိုက်ပူခါးတုတ်တာမျိုး ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ကိုယ်လက်လေးလံပြီး မအီမသာဖြစ်လို့ ကျန်းမာရေးအရ ဘယ်သူမှလည်း မဝချင်ကြပါဘူး။ အဲဒီလိုမဝချင်ဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။ သင့်ကို ဗိုက်ပူခါးတုတ်စေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။
၁။ နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ နို့ထွက်ပစ္စည်းတွေ များများစားတာကို ရှောင်ပေးသင့်ပါတယ်။ အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။ နွားနို့အစား တခြားအသီးအရွက်က ရတဲ့နို့ ဥပမာ ပဲနို့ တို့ကိုပြောင်းသောက်ပေးပါ။
၂။ ပြုပြင်ထားတဲ့ နှံစားသီးနှံတွေ
ပြုပြင်ထားတဲ့ နှံစားသီးနှံတွေမှာ အဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းလို့ အစာချေစနစ်ကို အခက်အခဲဖြစ်စေနိုင်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပေါင်မုန့်၊ ပီဇာစတဲ့ နှံစားသီးနှံနဲ့ လုပ်ထားတဲ့အစားအစာတွေကို များများစားသုံးခြင်းကို ရှောင်ပေးပါ။
၃။ အသီးအရွက်စိမ်းတွေ
တသီးအရွက်စိမ်းတွေကို များများစားတာဟာလည်း သင့်ကို ဗိုက်ပူစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲစားပါ။ ပြုတ်စားတာမျိုးလုပ်ပါ။
၄။ ပြုပြင်ထားတဲ့အသားတုတွေ
ပြုပြင်ထားတဲ့ အသားတုတွေကိုလည်း ကန့်သတ်ပြီစားပေးသင့်ပါတယ်။ အခုလို အမြန်စားအစားအစာတွေဟာ သင့်ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ အဲဒီအစား ကြက်သားကို စားပါ။
၅။ အကြော်စာတွေ
အကြော်စာတွေဟာ သင့်ကို ဗိုက်ပူခါးတုတ်စေတဲ့ အဓိကအစားအစာဖြစ်ပါတယ်။ ကိုယ်လက်စထရောပါမာဏကို တက်စေပြီး အစာချေစနစ်ကိုနှေးကွေးစေလို့ သင့်ကို ဗိုက်ပူခါးတုတ်စေပါတယ်။
၆။ ဟင်းအနှစ်များ
အစားအစာကို အရသာရှိအောင်ထည့်တဲ့ ဟင်းအနှစ်တွေ၊ ဆော့လ်တွေကို များများစားသုံးခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ အဲဒီအစားအစာတွေဟာ သင့်ကို ပိုပြီး ဗိုက်ပူခါးတုတ်စေပါတယ်။
၇။ ပဲအမျိုးမျိုး
ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာဖြစ်ပြီး အရသာရှိပေမယ့် အများအပြားစားသုံးမယ်ဆိုရင် မကောင်းပါဘူး။ ပဲတွေမှာ Polysaccharide ဆိုတဲ့ဓာတ်တမျိုးပါဝင်ပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်လို့ ဗိုက်ပူလာစေနိုင်ပါတယ်။