အရက်သောက်ခြင်းကတော့ ကျန်းမာတဲ့ လူနေမှုပုံစံတော့ မဟုတ်ပါဘူး။ အရက်သောက်ရင် ဆုံးဖြတ်ချက် အမှားတွေ ချမှတ်နိုင်သလို တခြား ပြဿနာတွေလည်းရှိလာနိုင်ပါတယ်။
ဒါပေမယ့်လည်း အရက်ကို တာဝန်ယူမှု ရှိရှိနဲ့သောက်ပေးရင်တော့ ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်နော်။
ဖျားနာခြင်းကို တိုက်ဖျက်နိုင်
Source: Barcelona Metropolitan
Juniper Berries (ဘယ်ရီသီး) တွေက ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့အသီးတွေဖြစ်ပြီး ဆေးဝါးအကျိုးအာနိသင်တွေလည်း အများကြီး ရှိပါတယ်။ Gin အရက်ကို အဓိကအားဖြင့် Juniper Berries (ဘယ်ရီသီး) တွေနဲ့ထုတ်လုပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက Juniper Berries (ဘယ်ရီသီး)တွေက ချောင်းဆိုးတာနဲ့ အဆုတ်အအေးမိတာအတွက် ကောင်းပါတယ်။
အဆစ်အမြစ်ကိုက်တာအတွက် သက်သာ
အဆစ်အမြစ်တွေ ကိုက်ခဲနေရင် Gin အရက်အနည်းငယ်လောက် သောက်လိုက်ပါ။ Gin အရက်က အဆစ်အမြစ်ကိုက်ခဲ၊ ဂေါက် ရောဂါကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ တချို့အားကစားသမားတွေဆိုရင် အဆစ်အမြစ်ရောင်တာကို သက်သာစေဖို့ Gin အရက်စိမ်ထားတဲ့ စပျစ်သီးခြောက်တွေကို စားသုံးကြပါတယ်။
အစာခြေစနစ်ကို အားကောင်းစေ
Gin အရက်က အစာအိမ်ရဲ့ အက်ဆစ်ပမာဏနဲ့ အစာခြေအင်ဇိုင်းထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအရည်တွေက အစာတွေကို မြန်မြန် ချေဖျက်ပေးပါတယ်။
ငှက်ဖျားရောဂါကို ကာကွယ်ပေး
ငှက်ဖျားဆေးတွေ မသောက်သုံးဘဲ Gin အရက်ချည်းဘဲသောက်ရမယ်လို့ မဆိုလိုပါဘူး။ ၁၈၀၀ ပြည့်နှစ်ကျော်လောက်ကတည်းက ငှက်ဖျားအဖြစ်များတဲ့ဒေသတွေမှာ ဆေးဖြစ်ဝါးဖြစ်အဖြစ် Gin အရက်ကို သောက်သုံးလာကြတာပါ။ Gin အရက်မှာ ငှက်ဖျားကို ခုခံနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်နေပါတယ်။
အသားအရေကို နုပျိုလှပစေ
Source: New York Post
Gin အရက်ကို အများကြီးသောက်တာမဟုတ်ဘဲ တစ်နေ့ကို တစ်ခွက်၊ နှစ်ခွက်လောက်ဘဲသောက်မယ်ဆိုရင် Antioxidants တွေ အများကြီးပါဝင်တာကြောင့် အသားအရေကို နုပျိုလှပစေပါတယ်။