စတော်ဘယ်ရီသီးမှာ Antioxidants, Magnesium နဲ့ ပိုတက်ဆီယမ် တို့လို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဓာတ်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဈေးဝယ်စင်တာမှာတော့ ဘယ်လို အသီးမျိုး ကို ဝယ်ယူသင့်လဲဆိုတာဆုံးဖြတ်ရခက်လေ့ရှိပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူ ရွေးချယ်နိုင်ဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှချင်ပါတယ်။

strawberry-aroma-shutterstock_109863959

  • အနံ့

ပထမဆုံး စတော်ဘယ်ရီကို ကိုင်ပြီး အနံ့ခံကြည့်လိုက်ပါ။ စတော်ဘယ်ရီသီး ကောင်းကောင်းရဲ့ အနံ့လေးက ပျင်းပျင်းလေးနဲ့ သင်းနေပြီး လူကို စွဲစေတဲ့ အနံ့မျိုးမဟုတ်ပါဘူး။ အနံ့က သိပ်မရဘဲ အသီးအနံ့မျိုးမဟုတ်ရင် ဓာတုပစ္စည်းနဲ့လုပ်ထားတဲ့ စတော်ဘယ်ရီ ဖြစ်တတ်ပါတယ်။

14556910-25274510-36-0-1496401835-1496401837-650-1-1496401837-650-50922ff8dc-1496413790

  • အရောင်

စတော်ဘယ်ရီရဲ့ အရောင်က အနီရောင်တောက်တောက် ရှိပါတယ်။ အမည်းရောင်သန်းတဲ့ စတော်ဘယ်ရီဆိုရင် သတိထားသင့်ပါတယ်။ ဈေးသည်တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရောင်တွေကို အသီးမှာ ဆိုးလေ့ရှိပါတယ်။ ဖြူဖက်ဖြူရော်ဖြစ်နေတဲ့ စတော်ဘယ်ရီသီးတွေကလည်း အချိန်မတိုင်ခင် ခူးထားတဲ့ အသီးတွေဖြစ်တာကြောင့် စားဖို့မသင့်တော်ပါဘူး။

14556960-25274910-37-0-1496401929-1496401933-650-1-1496401933-650-23f9d562e1-1496413790

  • အရွယ်အစား

အရွယ်အစားကတော့ စတော်ဘယ်ရီရဲ့ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားတာကြောင့် ပြောရခက်ပါတယ်။ ဒါပေမယ့် အရွယ်အစားအရမ်းကြီးတဲ့ စတော်ဘယ်ရီကိုလည်း မမက်ပါနဲ့။ သူတို့မှာ ရေတွေပါဝင်မှုများတာကြောင့် စားမကောင်းပါဘူး။ အနာရှိတဲ့ စတော်ဘယ်ရီသီးတွေကလည်း ကြာရှည်ခံတော့မှာမဟုတ်တဲ့အတွက် ကြာကြာထားပြီးမှ စားမယ်ဆိုရင်တော့ မဝယ်သင့်ပါဘူး။

14557010-25276610-38-0-1496401999-1496402006-650-1-1496402006-650-cd6df7cc57-1496413790

  • အရွက်

စတော်ဘယ်ရီသီးရဲ့ ထိပ်မှာ အရွက်မပါတော့ရင် အဲ့ဒီ စတော်ဘယ်ရီသီးက ကြာရှည်ခံတော့မှာမဟုတ်ပါဘူး။ အရွက်တွေက ညိုပြီးခြောက်နေရင် မကောင်းတော့ပါဘူး။ အရွက်လေးတွေ စိမ်းနေတဲ့အသီးကို ရွေးသင့်ပါတယ်။

14557060-25277310-39-0-1496402074-1496402076-650-1-1496402076-650-93ad4754c8-1496413790

စတော်ဘယ်ရီသီးမှာပါတဲ့ အစေ့

စတော်ဘယ်ရီသီးရဲ့ အပြင်ဘက်မှာ အစေ့လေးတွေ ပါပါတယ်။ အဲ့ဒီအစေ့လေးတွေ့ ပိုပြီး နက်လေလေ အသီးက ပိုချိုလေပါဘဲ။