လိမ္မော်သီးမှာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးရှိရုံမက လိမ္မော်ခွံမှာလည်း အကျိုးကျေးဇူး အများအပြားရှိပါတယ်။

လိမ္မော်ခွံကို အသားအရေအတွက်သာမက တခြား အိမ်တွင်းမှာ အနံ့အသက်ဆိုးတွေ ကင်းစင်စေဖို့နဲ့ ခြင်ပြေးစေဖို့ အသုံးပြုလို့ရပါသေးတယ်။

အခန်းတွင်းအနံ့သင်းစေဖို့ Freshener အနေနဲ့ သုံးမယ်

လိမ္မော်သီးရဲ့ သင်းပျံ့တဲ့ရနံ့လေးက အခန်းတွင်းမှာ အနံ့အသက်ဆိုးတွေကို ကင်းစင်စေပြီး လေထုကို လတ်ဆတ်စေပါတယ်။ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ ရုံးခန်း စတဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ်။

လိမ္မော်ခွံအနည်းငယ်

သံပုရာရည် (သို့) သံပုယိုရည် အနည်းငယ်

သစ်ကြံပိုးခေါက်ချောင်း ၂ ခု

ရေ ၂ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေကိုဆူဆူသည်ပါ။ ပြီးရင် ရေကို ရေဆစ်နဲ့ဆစ်ချပြီး အအေးခံပါ။

စပရေဘူးထဲကိုအဲဒီအရည် ထည့်ပြီး ဖြန်းပေးပါ။

ခြင်နိုင်ဆေး

လိမ္မော်ခွံဟာ ခြင်ပြေးဆေးအဖြစ် အသံးပြုလို့ရပါတယ်။ လိမ္မော်ခွံကို အမှုန့်လုပ်ပြီး မှေင်နေတဲ့နေရာ ခြင်တွေရှိနိုင်တဲ့နေရာမှာ ဖြန်းပေးပါ။ လိမ္မော်ခွံကို လက်ခြေထောက်တွေမှာ လိမ်းပေးပြီး လည်း ခြင်ကိုက်တာကို ကာကွယ်နိုင်ပါတယ်။