ရာသီလာတဲ့အခါ လတိုင်းလိုလို နာကျင်မှုဝေဒနာခံစားနေရပါသလား။
ဒီဝေဒနာဆိုးက ဘယ်လောက်ဆိုးတယ်ဆိုတာ မိန်းကလေးတိုင်းသိကြပါတယ်။ ဒါ့ကြောင့်လည်း မိန်းကလေးအချင်းချင်းဆို ဒီလိုအချိန်မှာ သိပ်ကိုစည်းလုံးကြပြီး ဖေးမကူညီကြတာ သတိပြုမိပါတယ်။
နာကျင်မှုဝေဒနာတွေကို ရှောင်ကျဉ်နိုင်ဖို့ ရာသီမလာခင်မှာ ဒီအစားအစာတွေကိုစားပါ
၁။ သင်္ဘောသီး
သင်္ဘောသီးကတော့ ဈေးကွက်မှာ အလွယ်တကူရနိုင်တဲ့ အသီးမျိုးပါ။ ဒါ့အပြင် ဟော်မုန်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ သင်္ဘောသီးကို ရာသီမလာခင် များများစားပေးပါ။
၂။ သလဲသီးဖျော်ရည်
သလဲသီးကို ဖျော်ရည်သောက်တာပဲဖြစ်ဖြစ် ဒီအတိုင်းစားတာပဲဖြစ်ဖြစ် တစ်နေ့ ၂ ကြိမ် ၃ ကြိမ်လောက် စားပေးပါ။ ၁၀ ရက်ထိ စားပေးပါ။
၃။ နာနတ်သီး
နာနတ်သီးဟာ ခန္တာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အသီးတစ်မျိုးပါ။ ရာသီမလာခင် ၁၀ ရက်အလိုမှာ နာနတ်သီးများများစားပါ။
၄။ ဂျင်းနှင့် ပျားရည်
ဂျင်းက ခန္တာကိုယအတွင်း အပူချိန်ကိုလျှော့ချပေးပါတယ်။ ဂျင်းကို ဖျော်စက်ထဲဖျော်လိုက်ကာ ရေတစ်ခွက်ထည့်ပြီး ပျားရည်နဲ့သောက်ပါ။ မနက်ခင်း မစာမစားခင်သောက်ပေးရမှာဖြစ်ပါတယ်။
၅။ မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်ကိုလည်း များများသောက်ပေးပါ။ အစိမ်းတိုင်းလည်း စားပေးနိုင်ပါတယ်။
၆။ ရွှေဖရုံသီး
ရွှေဖုံသီးကို ရာသီမလာခင် များများစားပေးပါ။ ရာသီလာနေစဉ်အတွင်းမှာ နာကျင်မှုကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။
၉။ နနွင်း
နနွင်းကို အနံ့ဆိုးလို့ တစ်ချို့ဆိုမသောက်ချင်ကြပါဘူး။ နနွင်းကို ရေတစ်ခွက်နဲ့ ပွက်ပွက်ဆူအောင်သည်ပြီး တစ်နေ့ ၂ ကြိမ်သောက်ပါ။ နနွင်းကို ရာသီလာနေစဉ် နာကျင်နေတဲ့အချိန်မှာလည်း သောက်ပေးနိုင်ပါတယ်။