ခန္တာကိုယ်ကို ဟန်ချက်ညီညီထိန်းညှိပြီး ပျော့ပျော့ပျောင်းပျောင်း ကရတဲ့ ဘဲလေးအကက နိုင်ငံတကာမှာ နာမည်ကျော်တဲ့အကပါ။ ဘဲလေးအကကတာဟာ ကျန်းမာရေးကို ဘယ်လိုအကျိုးပြုပါသလဲ။
ကိုယ်ဟန်အနေအထားကောင်းမွန်လာခြင်း
ဟန်ချက်ညီညီကရလို့ ကျန်းမာရေးနဲ့ညီညွှတ်သလို ကိုယ်ဟန်အနေအထားကိုလည်း သပ်ရပ်ကောင်းမွန်လာစေပါတယ်။
ယုံကြည်မှု
ဘဲလေးအကကတာဟာ မိမိကိုယ်ကိုယုံကြည်မှုတိုးမြင့်စေပါတယ်။
ကြွက်သာတွေကို တည်ဆောက်ပေးခြင်း နှင့် သွက်လက်ပေါ့ပါးခြင်း
ဘဲလေးအကကိုကပေးတာဟာ ကြွက်သားတွေကိုတည်ဆောက်ပေးပါတယ်။ တစ်ခါတလေမှာ ခုန်ပြီးကရတယ် လှည့်ပြီးကရအတွက် သွက်လက်ပေါ့ပါးနေပါတယ်။ဒါ့ကြောင့်လည်း ကိုယ်အလေးချိန်ထိန်းထားနိုင်ပါတယ်
ကယ်လိုရီလောင်ကျွမ်းခြင်း
ကယ်လိုရိများတာကြောင့် ကိုယ်အလေးချိန်တက်တာပါ။ ဘဲလေးအကကိုကပေးတာဟာ မိနစ် ၃၀အတွင်း ကယ်လိုရီ ၂၀၀ ကျော်လောင်ကျွမ်းပါတယ်။
စိတ်ဖိစီးမှုကို ပြေပျောက်စေခြင်း
ဘဲလေးအကကိုကတာဟာ ပျော်စရာလည်းကောင်းပြီး စိတ်ခံစားမှုကို ပေ့ါပါးစေပါတယ်။ ဘဲလေးအကကတာဟာ မလွယ်ကူပါဘူး။ အကမှာ အမှားမဖြစ်အောင် သေချာထိန်းညှိပေးနိုင်ပြီး ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကိုပဲ အာရုံစိုက်တတ်ပါတယ်။ တစ်ခုခုကို အပြောင်းအလဲလုပ်ရမှာ စိုးရိမ်ကြောင့်ကြတာမျိုးမဖြစ်ပါဘူး။
ပေါင်းသင်းဆက်ဆံရေး
ဘဲလေးအကသင်တန်းမှာ မိတ်ဆွေသူငယ်ချင်းတွေရမယ်။ ဆိုတော့ ဝါသနာတူတဲ့သူငယ်ချင်းတွေနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုမိုတည်ဆောက်နိုင်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတွေ့အကြုံသစ်ကို မျှဝေဖို့အခွင့်အလမ်းရှိပါတယ်။ ဒါ့ကြောင့်လည်း ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေပါတယ်။
Source: healthfitnessrevolution.com