ပဲတီဟာ လူကြိုက်များတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ ပဲတီကို မကြာခဏဆိုသလို စားဖြစ်တယ်ဆိုရင်တော့ ပဲတီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါ့ကြောင့် ပဲတီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။
ရင်သားကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း
ကင်ဆာဆဲလ်ကြီးထွားမှုကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားပြီး ကာကွယ်လို့ရပါတယ်။ ပဲတီဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့အစားအစာတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ ပဲတီကို ရင်သာကင်ဆာဖြစ်ပွားမှုကနေကာကွယ်ပေးဖို့နဲ့ ကင်ဆာဆဲလ်တွေ ကြီးထွာမှုကနေဟန့်တားပေးဖို့ စားသုံးနိုင်ပါတယ်။
ဆီးချိုကာကွယ်ပေးခြင်း
ဆီးချိုကိုကာကွယ်ပေးနိုင်တဲ့အစားအစာတွေထဲမှာ ပဲတီက ထိတ်ဆုံးကနေပါဝင်နေတာပါ။ ပဲတီကိုစားပေးတာဟာ သွေးတွင်းသကြားဓါတ်များမလာအောင်ဟန့်တားပေးနိုင်တာမို့ စားပေးသင့်ပါတယ်။
သွေးအားနည်းခြင်းကို ကုသပေးနိုင်ခြင်း
သွေးထဲမှာ သွေးနီဆဲလ်တွေ နည်းပါးတာကို ပဲတီစားပြီးကုသလို့ရပါတယ်။ ပဲတီမှာ သံဓါတ်ပါဝင်ပြီး အမျှင်ဓါတ်လည်းကြါယ်ဝစွာပါဝင်လို့ သွေးအားနည်းတာကို အကောင်းဆုံးကုသပေးနိုင်ပါတယ်။
အရိုးကျန်းမာရေး
အရိုးကျန်းမာရေးအတွက် ပဲတီကိုစားပေးသင့်ပါတယ်။ ကယ်လ်ဆီယမ်ဓါတ်မြင့်မားစွာပါဝင်တဲ့ ပဲတီမှာ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အရိုးကိုသန်မာစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပဲတီ
ပဲတီဟာ မိခင်ဝမ်းတွင်းက ကလေးတွေရဲ့ ဉာဏ်ရည်ကို မြင့်မားစေပြီး နို့တိုက်ကျွေးချိန်မှာလည်း ကလေးငယ်ရဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို အထူးကောင်းမွန်စေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အစာချေစနစ်ကိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။