ခေါင်းကိုက်တာဟာ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ လက္ခဏာရပ်ပါ။ ခေါင်းကိုက်အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ခေါင်းကိုက်တာမျိုးမဖြစ်ဖို့ အတွက် အစားအစာကို ဂရုစိုက်စားပေးသင့်ပါတယ်။ ခေါင်းကိုက်ရင် မျက်ကြောကိုက်တာမျိုးလည်းဖြစ်တတ်ပြီး တော်တော်ကိုခံရခက်တယ်မလား။
ရေဓါတ်ဖြည့်တင်းပါ
ရေဟာ အလိုအပ်ဆုံးအရာပါပဲ။ သင့်ကိုသင် ရေဓါတ်ပြည့်ဝနေအောင်နေပါ။ နွေရာသီမှာဆို ရေပိုသောက်ပေးသင့်ပါတယ်။ ရေကိုတစ်နေ့ ၈ ခွက် သစ်သီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။ အရည်ရွှမ်းတဲ့အသီးတွေစားပါ။ ရေဓါတ်အပြည့်အဝမရတာဟာ ခေါင်းကိုက်တာမျိုးဖြစ်စေပါတယ်။
အစားမစားဘဲမနေပါနဲ့
အစားအလုံအလောက်မစားပေးတာဟာလည်း ခေါင်းကိုက်စေပါတယ်။ မနက်စာမစားတာမျိုး၊ နေ့လည်စာမစားတာမျိုးမလုပ်သင့်ပါဘူး။ ညဖက်မှာလည်း အလွန်အကျွံစားတာမျိုးလည်းမဖြစ်သင့်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်စွာ အစားပုံမှန်စားပါ။
ရေနွေးကြမ်းများများသောက်ပါ
မနက်စောစောမှာ ရေနွေးကြမ်းတစ်ခွက်သောက်ပြီး စတင်လိုက်ပါ။ ကော်ဖီအစား ရေနွေးကြမ်းသောက်ပေးပါ။
မဂ္ဂနီဆီယမ်ဓါတ်ပါတဲ့ အစားအစာများများစားပါ
တစ်နေ့ကို မဂ္ဂနီဆီယမ်ဓါတ် ၄၀၀ ကနေ ၅၀၀ ဂရမ်ထိစားပေးသင့်ပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ဟာ ခေါင်းနဲ့ လည်ပင်းက ကြွက်သားတင်းတာကို ပြေပျောက်စေလို့ ခေါင်းကိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင်အသီးအရွက်များ၊ အခွံမာသီး၊ အစေ့များ။
ဆော့လ်ရှောင်ပါ
ဆော့လ်ကိုများများစားတာဟာ ခေါင်းကိုက်မှုကိုဖြစ်စေပါတယ်။
အစပ်စားပါ
ပူပူစပ်စပ် အစားအစာကိုစားလိုက်ရင် ချွေးထွက်ပြီး ခေါင်းကိုက်သက်သာစေပါတယ်။
အစားအစာတွေထဲမှာ ဂျင်း (သို့) နနွင်းထည့်ချက်ပါ
ခေါင်းကိုက်တာကို ကုသနိုင်ဖို့ ခေါင်းကိုက်ဝေဒနာကို ကြိုတင်ကာကွယ်ဖို့အတွက် ဂျင်းနဲ့ နနွင်းကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
အစိမ်းရောင်ဖျော်ရည်သောက်ပါ
ညကအရက်သောက်လို့ မနက်ဖက်မှာ အရက်နာကျတာအပါအဝင် ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေဖို့ အစိမ်းရောင်အသီးအရွက်ဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။ သခွားသီး၊ ပန်းသီး၊ Spinach ရွက်စသည်။
သကြားလျှော့စားပါ
ခေါင်းကိုက်တာတွေ သက်သာပျောက်ကင်းစေဖို့ သကြားစားသုံးမှုကို လျှော့ချပေးသင့်ပါတယ်။
ဗီတာမင် Dစားပါ
ခေါင်းကိုက်တာအတွက် ဗီမာင်မင် D ကလည်းများစွာအထောက်အကူဖြစ်စေပါတယ်။ ငါး၊ အမည်းအသည်း၊ ချိစ်၊ ကြက်ဥအနှစ်စသည်။
ခေါင်းကိုက်ဝေဒနာကင်းဝေးလို့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိပိုင်ဆိုင်ကြပါစေ။