နှလုံးသွေးကြောဆိုင်ရာရောဂါဟာ ဆီနဲ့ သကြား စားသုံးမှုမြင့်တဲ့သူတွေ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ တစ်နှစ်အတွင်းမှာ နှလုံးရောဂါကြောင့် လူပေါင်း၁ သန်း ခန့် ခံစားခဲ့ကြရပါတယ်။ နှလုံးရောဂါဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်းများစွာက လူသားတွေကို သေစေနိုင်တဲ့ နံပါတ် ၁ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း နှလုံးရောဂါကင်းဝေးဖို့ ဘာတွေစားရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
နနွင်း
ဖရဲသီး
ထောပတ်သီး
ငါး
ဘယ်ရီသီးများ
အချဉ်သီးများ ( သံပုရာသီး၊ သံပုယိုသီး၊ ကျွဲကောသီး စသည့်)
ဆားမပါသော အခွံမာသီးများ
သံလွင်ဆီ သန့်
စပျစ်သီး
Green Tea
စတဲ့ အစားအစာတွေကို တစ်နေ့မှာ အနည်းဆုံး ၂ မျိုးလောက် ပါအောင်စားသုံးပေးသင့်ပါတယ်။ ဒီအစားအစာတွေဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကျန်းမာရေးကောင်းမွန်စေပါတယ်။