ကျောက်ကပ်ဟာလည်း လူမှာ အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်တွေကို ကျောက်ကပ်မှာ ဖယ်ရှားပေးပြီး ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပါတယ်။
တခါတရံ ကျောက်ကပ်မှာ အဆိပ်အတောက်တွေ များပြီး ကျောက်ကပ် ပျက်စီးတတ်ပါတယ်။ ဒါကြောင့် သဘာ၀ အစားအစာများနှင့် ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်များကို ဘယ်လို ဆေးကြောမလဲ။
ရေ
ရေက ခန္ဓာကိုယ်အတွင်း နှင့် ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ပျောက်ကင်းဖို့အကောင်းဆုံးပါဘဲ။ ကိုယ့်ခန္ဓာကိုယ် အလေးချိန်အပေါ်မူတည်ပြီး တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်ကြား အနည်းဆုံး သောက်သုံးသင့်ပါတယ်။
ပန်းသီး
ပန်းသီးမှာ ပိုတက်ဆီယမ် ဓာတ်ပါဝင်မှု နည်းပါးပြီး ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်တဲ့ သဘာ၀ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ သူတို့က ဆီး ခဏခဏ မသွားစေဘဲနဲ့ ကျောက်ကပ်ကို သန့်ရှင်းပြုလုပ်ပေးပါတယ်။
မှို
ကျောက်ကပ် ကျန်းမာရေးအတွက် ဗီတာမင် D က အရေးကြီးသည့် ဓာတ်ဖြစ်ပါတယ်။ ဗီတာမင် D အပါဝင်ဆုံး အစားအစာက မှိုဖြစ်ပါတယ်။ ဗီတာမင် D က ကျောက်ကပ် စွမ်းဆောင်နိုင်ရည်တွေ ပိုကောင်းအောင် လုပ်ဆောင်နိုင်ပြီး ကျောက်ကပ် ရောဂါတွေကို ကာကွယ်ပေးပါတယ်။
ကွေကာအုပ်
ကွေကာအုပ်မှာ ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတဲ့ သတ္တုဓာတ်နှင့် ဗီတာမင် B6 တို့ပါဝင်ပါတယ်။