ဝိတ်တော့ချချင်ပါရဲ့ ဘယ်လိုချရမလဲ။ အစာစားတာလည်းဘယ်လိုလျှော့ရမှန်းမသိဘူးဆိုတဲ့ ပျိုမေတို့ရေ ဝိတ်ချဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေချင်ပါတယ်။
၁။ ရေများများသောက်ပါ
ရေများများသောက်ဖို့လိုပါတယ်။ မနက်စောစော အိပ်ယာနိုးနိုးချင်ရေသောက်ပါ။ အစားမစားခင်ရေသောက်ပါ။ ဘာလို့လဲဆိုတော့ အစားများများ မစားမိအောင်ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ရေ ၂ လီတာလောက်အနည်းဆုံးသောက်ပေးသင့်ပါတယ်။
၂။ ရေနွေးကြမ်းသောက်ပါ
လက်ဖက်နှပ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ လက်ဖက်မှာ Antioxidant တွေပါဝင်ပါတယ်။ ဒါ့ကြောင့်ခန္တာကိုယ်အတွင်းက အဆီတွေကို အလွယ်တကူချေဖျက်ပေးနိုင်ပါတယ်။ ကော်ဖီသောက်တာ အချိုရည်သောက်တာကိုရှောင်ပါ။
၃။ သကြားလုံးဝမစားပါနဲ့
သကြားလုံးဝမစားပါနဲ့။ သကြားဟာ ဝစေပါတယ်။ ဒါ့အပြင် သကြားများများစားတာဟာ ဆီးချိုဖြစ်ပွားမှုကို မြင့်တက်စေပြီး နှလုံးရောဂါနဲ့ တခြားရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။ အသင့်စားအစားတွေမစားခင်မှာလည်း သကြားပါဝင်မှုရှိမရှိသေချာဖတ်ပါ။
၄။ ပန်းကန်သေးသေးလေးနဲ့ထမင်းစားပါ
ထမင်းစားတဲ့အခါ ပန်းကန်သေးသေးလေးကိုသာအသုံးပြုပြီးစားသုံးပေးပါ။ တစ်ခွက်ပဲစားပါ။ ဟင်ရွက်များများ ထမင်းနည်းနည်းစားပါ။
၅။ အစပ်စားပါ
ပူပူစပ်စပ်အစားအစာတွေက ဝိတ်ကျစေပါတယ်။ ဒါ့ကြောင့် အစပ်စားပေးပါ။
၆။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ သိပ်အပန်းမကြီးပဲ လမ်းလျှောက်တာမျိုး ဒါမှမဟုတ် အေရိုးပစ်လေ့ကျင့်ခန်း လုပ်တာမျိုးလုပ်ပေးသင့်ပါတယ်။
၇။ ဖြည်းဖြည်းမှန်မှန်ဝါးပါ
အစားအစာတွေကို ဝါးရာမှာ ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးပေးသင့်ပါတယ်။ ဒါမှ အစာကြေပြီး ဖြည်းဖြည်းဝါးတာဟာ မြန်မြန်ဝါးတာဟာ အစားစားသုံးမှုကို လျှော့ချပေးပါတယ်။
၈။ သရေစာမစားပါနဲ့
သရေစာကို ရှောင်ကျဉ်ပေးသင့်ပါတယ်။ အသင့်စားအစားအစာတွေစားတာဟာ ဝိတ်တက်စေပါတယ်။ စားမယ်ဆိုရင်လည်း အသီးဖျော်ရည် သစ်သီးစသဖြင့် ရေဓါတ်များများပါတာစားပေးပါ။
၉။ ပရိုတင်းဓါတ်များများစားပါ
ပရိုတင်းဓါတ်ပါတဲ့အစားအစာတွေကို များများစားပေးသင့်ပါတယ်။ ပရိုတင်းဓါတ်ဟာ ကယ်လိုရီကို ၈၀ ကနေ ၁၀၀ ထိလောင်ကျွမ်းစေပါတယ်။ ကျွန်မတို့ဟာ နေ့စဉ် ကယ်လိုရီဓါတ် ၄၀၀ ကျော်စားသုံးကြပါတယ်။
၁၀။ အသီးအနှံများများစားပါ
ဖျော်ရည်တွေ (သို့) တခြားအရာတွေ အစား တကယ့်သစ်သီးအစစ်ကိုစားပေးပါ။ သစ်သီးမှာ သဘာဝသကြားဓါတ်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရှောင်ထားတဲ့ သကြားဓါတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အသီးအနှံကို များများစားပေးတာဟာ ခွန်အားဖြည့်ဝစေပါတယ်။