ကျွန်မတို့ မြန်မာပြည်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးက အစပ်အရမ်းကြိုက်သူတွေပါ။ ထမင်းစားလို့ အစပ်မပါရင်တောင် မစားတတ်တဲ့သူတွေရှိပါတယ်။ ဒီတော့ အစပ်စားတာ ငရုတ်သီးမှုန့် စားတာဟာ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲ။ ငရုတ်သီးမှုန်ကို ရေနဲ့ ရောပြီးသောက်တာကကော ဘယ်လို အာနိသင်ရှိလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။
ငရုတ်သီးမှုန့်ရဲ့ အကျိုးကျေးဇူးတွေ
ငရုတ်သီးမှုန့်မှာ ဗီတာမင် C, B6 , E ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် နဲ့ Flavonoids ဓါတ်တွေပါဝင်ပါတယ်။
ငရုတ်သီးမှုန့်ဟာ နှာခေါင်းသွေးလျှံတာနဲ့ ရှိမိတာတွေအတွက် တကယ်ကို ကောင်းပါတယ်။ ထိခိုက်ရှလာမိလို့ သွေးထွက်တာတွေကို ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပေးပြီး သွေးတိတ်အောင်လုပ်နိုင်ပါတယ်။ ဒါဆိုရင် နာကျင်တာမျိုးကို မခံစားရတော့ပါဘူး။ ဒါ့အပြင် အမာရွတ်မကျန်အောင် ပျောက်ကင်းစေပါတယ်။
ငရုတ်သီးမှုန့်နဲ့ ရေ
ငရုတ်သီးမှုန့်ကို ရေထဲထည့်ပြီးသောက်တာကလည်း ခန္တာကိုယ်အတွင်းမှာ သွေးယိုတာကိုလည်း ကုသပေးနိုင်ပါတယ်။
ဒါ့အပြင် သွေးခဲတာကို ကုသပေးနိုင်ပြီးသွးကြောများပိတ်ဆို့ခြင်း (Atherosclerosis) ကို လျှော့ကျစေပါတယ်။ ဒါ့ကြောင့် နှလံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
ငရုတ်သီးမှုန့်ဟာ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုလည်း သက်သာစေပြီး ဝမ်းမှန်စေကာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
Source: cuisineandhealth.com