အစာသေချာမစားခင်မှာ ကိုယ်ဘာလုပ်လဲဆိုတာက ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ သက်ရောက်နေပါတယ်။ ဒါကြောင့်မို့လို့ ဗိုက်ထဲ ဘာအစာမှ မရှိသေးခင်မှာ လုပ်လို့မဖြစ်တဲ့ အလေ့အထ (၉) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆေးဝါးတွေ

အကိုက်အခဲနှင့် အဖျားပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Paracetamol တို့လိုဆေးတွေဟာ ဗိုက်ထဲအစာမရှိသေးခင် လုံးဝသောက်သုံးလို့မဖြစ်ပါဘူး။ ထိုသို့သောက်သုံးလိုက်ခြင်းက ဆေးတွေရဲ့စွမ်းအားကို လျှော့ချပစ်ရုံသာမက စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၂။ ကော်ဖီ

ကဖင်းဓာတ်မပါတဲ့ ကော်ဖီတောင်မှ အစာမရှိတဲ့အချိန်သောက်သုံးမိတဲ့အခါ အက်စစ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ရင်ပူခြင်းနှင့် အခြားအစာခြေဖျက်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ မနက်စာမစားဘဲ ကော်ဖီပဲသောက်မယ်ဆိုရင် တနေ့တာလုံးမှာ နေထိုင်မကောင်းဖြစ်သွားစေနိုင်ပါတယ်။

၃။ အရက်

အစာမရှိဘဲ အရက်သောက်သုံးလိုက်တာက အကြောဆေးသွင်းလိုက်တဲ့နည်းတူ စုပ်ယူအားအလွန်မြင့်တက်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ အရက်စုပ်ယူအားများလာပြီဆိုရင် အသည်း၊ နှလုံး နှင့် ကျောက်ကပ်တို့တွင် ဆိုးရွားတဲ့သက်ရောက်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

၄။ ပီကေ

ဘာမှမစားဘဲ ပီကေဝါးခြင်းက အချိန်ကြာလာသည့်အခါ အစာအိမ်ရောင်ရမ်းနာကို ဖြစ်လာစေနိုင်ပါတယ်။ ပီကေဝါးသူများဟာ ဆီကြော်စာတွေ၊ အချိုတွေကို အသီးအရွက်တွေထက် ပိုစားလိုကြတယ်လို့လည်း ဖော်ပြချက်တွေရှိပါသေးတယ်။

၅။ အိပ်ရာဝင်ခြင်း

ဆာလောင်မှုနှင့် ဂလူးကို့စ်ပမာဏ နည်းပါးခြင်းက အိပ်ပျော်မှုကို ဟန့်တားစေပြီး အိပ်ရေးစပ်စေကာ စောစောစီးစီးတွေမှာလည်း နိုးနေတတ်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါမှာ ဆာလောင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို မြှင့်တင်ပေးလို့ နောက်တနေ့မှာ ပိုစားမိစေနိုင်ပါတယ်။

၆။ ပြင်းထန်တဲ့လေ့ကျင့်မှုတွေ

အချို့သူများက အစာမရှိတဲ့အချိန် လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပေမယ့်လည်း အဆီဖယ်ရှားပေးတာတော့ မဟုတ်ပါဘူး။ ကြွက်သားတွေကို ဖယ်ရှားပစ်သလိုမျိုးတော့ ဖြစ်သွားစေနိုင်ပါတယ်။

၇။ ဈေးဝယ်ခြင်း

လူများက ဗိုက်ထဲအစာမရှိတဲ့အချိန်မှာဆိုရင် အစားအသောက်တွေမရှိတဲ့ ဆိုင်တွေရောက်ရင်ကို ဗျာများတတ်ကြပါတယ်။ ထိုအခါ ဗိုက်အရမ်းဆာလာလို့ ဈေးကိုမလျှော့မကင်းကို ဝယ်ယူပြီဆိုရင် ပိုစားမိပြီး ပိုဝစေပါတယ်။

၈။ အချဉ်ဓာတ်ရှိ ဖျော်ရည်များ သောက်သုံးခြင်း

ထိုအချဉ်ဓာတ်ရှိအသီးများတွင် အက်စစ်နှင့်ဖိုက်ဘာဓာတ်များ ပါဝင်လို့ အစာမရှိတဲ့ သင့်အစာအိမ်ကို ကျိန်းစပ်စေပါတယ်။ အထူးသဖြင့် အစာအိမ်ရောင်ရမ်းနာရှိသူတွေ၊ ဖြစ်ခါနီးသူများအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

၉။ ငြင်းဆန်မှုတွေ

တခုခုကိုဆွေးနွေးခါနီးမှာ အစာစားဖို့အချိန်မရှိဘူးဆိုရင် နွေးတဲ့ဖျော်ရည်လေးတစ်ခုခုဖြစ်ဖြစ် သောက်သုံးခြင်းကိုပြုလုပ်ပေးပါ။ ထိုသို့လုပ်ပေးခြင်းက စကားပြောဆိုဆွေးနွေးမှုကို အခင်မင်မပျက်ရှိစေမှာပါ။

Credit: BrightSide