ခြေထောက်မှာ ချွေးထွက်လို့ဖြစ်ဖြစ်၊ ခြေစေးထွက်လို့ဖြစ်ဖြစ်၊ မှိုကြောင့်ပဲဖြစ်ဖြစ် ဘက်တီးရီးယားတွေကို ပိုမို ရှင်သန်စေပြီး အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ ဒါ့ကြောင့် အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

၁။ ခြေသည်းတိုတို ညှပ်ပေးပါ။ အထူးသဖြင့် ခြေဆွယ်ငုပ်နေတာကို သေချာ ထွက်အောင်ညှပ်ပါ။ ခြေထောက်ဆေးတဲ့အခါ ခြေဖနောင့်ကို တိုက်ဖို့ မမေ့ပါနဲ့။

၂။ ခြေထောက်ကို ရေဆေးပြီးတိုင်း ခြောက်အောင် သေချာသုတ်ပစ်လိုက်ပါ။

ခြေထောက်နံတာကို ပျောက်ကင်းစေမယ့် လျှို့ဝှက်ချက် (၉) ခု

၃။ ရေနွေးပူပူ ၁လီတာထဲကို လက်ဖက်ခြောက်ထည့်ပြီး ရေအေး ၂ လီတာလောက်ရောလိုက်ပါ။ ပြီးရင် ခြေထောက်ကို ၁၅ မိနစ် မိနစ် ၃၀ လောက်ရေစိမ်ထားလိုက်ပါ။ ဘက်တီးရီးယားတွေကိုသေစေပြီး ခြေစေးထွက်တာကို သက်သာစေပါတယ်။

၄။ ပန်းသီးရှလကာရည်သုံးလို့ရပါတယ်။ ပန်းသီးရှလကာရည် ဝ.၅ လီတာနဲ့ ရေနွေး ၂၀၀ မီလီလီတာရောလိုက်ပါ။ ပြီးရင် ဝါဂွမ်းစနဲ့ တို့လိုက်ပြီး ခြေထောက်နားမှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံလိုက်ပါ။ ပြီးရင် ရေဆေးချပါ။

၅။ ခြေအိတ်ကို အတွင်းပိုင်းထဲထိ သေချာလျှော်ပေးပါ။

၆။ အိမ်မှာနေတဲ့အခါ အိမ်နေရင်းစီးတဲ့ ဖိနပ်ကို စီးပေးထားပါ။

၇။ အနံ့ဆိုးကို သက်သာပျောက်ကင်းစေတဲ့ ခရင်မ်တမျိုးမျိုး လိမ်းပေးပါ။

၈။ ဘွတ်ဖိနပ်တွေကို ဆပ်ပြာနဲ့ သေချာစိမ်ပြီး လျှော်ပေးပါ။

၉။ ဖိနပ်အတွင်းမှာ ရေစိုနေတဲ့အခါ သတင်းစာ စက္ကူဟောင်းနဲ့ ရေတွေကို ခြောက်အောင် စုပ်ထုတ်လိုက်ပါ။