ဘယ်သူကမှ အမြင်အာရုံအားနည်းသွားတာမျိုး မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် လူသားတိုင်းက နေ့စဉ်နေ့တိုင်းမှာ မျက်စိထိခိုက်စေမယ့်အရာတွေကို မသိလိုက်မိပါဘဲနဲ့ ကျူးလွန်မိကြပါတယ်။ မျက်လုံးကို ထိခိုက်စေတဲ့အပြုအမူတွေကို ရှောင်ကြဉ်နိုင်ဖို့ အခုဖော်ပြပေးမယ့်အချက် ၉ ချက်ကို အတူတူဖတ်ကြည့်လိုက်ကြရအောင်။

၁။ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများကို အလွန်အကျွံစားခြင်း

ဂျုံက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဆူလင်ဓာတ်ကိုတိုးမြင့်စေပါတယ်။ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ အင်ဆူလင်ဓာတ်တိုးမြှင့်သွားတဲ့အခါ မျက်လုံးကိုဆွဲဆန့်လိုက်ပြီး အဝေးမှုန်လာပါတော့တယ်။ ဒါ့ကြောင့် သုတေသနပညာရှင်များးက ဂျုံအစားများတဲ့အခါ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်လို့ ပြောကြားထားပါတယ်။

၂။ အလှကုန်ပစ္စည်းများကို အချိန်ကြာကြာအသုံးပြုခြင်း

မျက်လုံးအတွက်အသုံးပြုရတဲ့ အလှကုန်ပစ္စည်းများကို သုံးလထက်ပိုပြီး မသုံးသင့်ပါဘူး။ အလှကုန်ပစ္စည်းထဲမှာစုနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက မျက်လုံးကိုထိခိုက်စေလို့ပါပဲ။

၃။ မျက်စဉ်းဆေးများကို ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အသုံးပြုခြင်း

မျက်စဉ်းဆေးမကြာခဏအသုံးပြုခြင်းက သင့်မျက်စိအားနည်းနေတဲ့လက္ခဏာတစ်ရပ်ပါပဲ။ မျက်စဉ်ဆေးများကို ဆရာဝန်ခွင့်ပြုချက်မရဘဲ အသုံးပြုတာထက်စာရင် မျက်စိဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

၄။ လုံလောက်စွာအိပ်စက်အနားယူခြင်း မရှိလို့

သင့်မျက်လုံးက ကောင်းစွာအနားမယူရတဲ့အခါ အမြင်အာရုံမကြည်လင်ခြင်း၊ မျက်ကွင်းညိုခြင်း၊ မျက်နှာကြွက်သားများအလိုလိုတွန့်ရှုံသွားခြင်းတို့ ခံစားရနိုင်ပါတယ်။

၅။ ရေသောက်နည်းခြင်း

တစ်နေ့ကို ရေ ၈ ခွက်မသောက်ဘဲ ရေနည်းနည်းပဲသောက်တဲ့အခါ သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်သွားပါတယ်။ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါ မျက်ရည်ထုတ်လုပ်မှုနည်းသွားပြီး မျက်လုံးတွေ ခြောက်သွေ့လာပါတော့တယ်။

၆။ မျက်လုံးနဲ့အလွန်နီးကပ်စွာစာဖတ်ခြင်း

စာအုပ်နဲ့မျက်နှာနဲ့ အလွန်နီးကပ်စွာစာဖတ်တဲ့သူတွေက အဝေးမှုန်တွေဖြစ်ကြတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။

၇။ မျက်လုံးကို မကြာခဏပွတ်သပ်ခြင်း

သင့်မျက်လုံးတွေယားယံတဲ့အခါ၊ ပင်ပန်းပြီးမျက်လုံးညောင်းတဲ့အခါ မျက်လုံးကိုပွတ်သပ်လိုက်မယ်ဆိုရင်တော့ ခဏတာအတွက် သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့မျက်လုံးကို ခဏခဏပွတ်နေမယ်ဆိုရင်တော့ သင့်မျက်ကြည်လွှာရဲ့အနေအထား၊ ပုံစံတွေပြောင်းလဲသွားပါလိမ့်မယ်။

၈။ မျက်ကပ်မှန်ချွတ်ဖို့ မေ့ခြင်း

နေ့ဘက်မှာ လေထဲကအောက်ဆီဂျင်ကို မျက်ကြည်လွှာကလက်ခံရရှိပြီးတော့ ညဘက်အိပ်စက်အနားယူချိန်မှာတော့ မျက်ရည်ထဲမှ အစိုဓာတ်ကို ရရှိပါတယ်။ ဒါပေမဲ့သင်က ၂၄ နာရီလုံးလုံး မျက်ကပ်မှန်တပ်ထားမယ်ဆိုရင်တော့ သင့်မျက်ကြည်လွှာက လိုအပ်တဲ့ရေဓာတ်နဲ့ အောက်ဆီဂျင်ဓာတ်ကို မရရှိတော့ဘဲ အားနည်းလာပါတော့တယ်။

၉။ ဖိအားများတဲ့အလုပ်တွေကို လုပ်ရတဲ့အခါ

ကွန်ပျူတာနဲ့ တနေကုန်အလုပ်လုပ်ရတဲ့အခါ မျက်လုံးနာကျင်ခြင်း၊ မျက်လုံးအောင့်ခြင်းတွေ ခံစားရနိုင်ပါတယ်။

Source: Brightside.me