အက်စ်ပရင်ဆေးပြားကို ခေါင်းကိုက်သက်သာစေဖို့ အဖျားသက်သာစေဖို့ နဲ့ ရောင်ရမ်းမှုကို သက်သာစေဖို့ ကမ္ဘာနဲ့အဝှမ်းမှာ အသုံးပြုနေကြတဲ့ဆေးပါ။ လေ့လာသူတွေက အက်စ်ပရင်ဆေးဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ကင်ဆာရောဂါတချို့ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ပြသခဲ့ပါတယ်။

ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်းရှိလို့ နေ့စဉ်စားသုံးဖို့မသင့်တော်သလို မိမိသဘောအနေနဲ့လည်း မစားသုံးသင့်ပါဘူး။ အခုမျှဝေပေးမှာက အက်စ်ပရင်ဆေးကို တခြားနည်းလမ်းနဲ့ ဘယ်လိုအသုံးပြုမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အသားအရေ နုပျို ဖြူဝင်းစေဖို့

အက်စ်ပရင်ဆေးဟာ အသားအရေ နီတာ ရောင်တာနဲ့ ဝက်ခြံတွေကို သက်သာစေပြီး ဆဲလ်သေတွေ အဆီတွေကို ဖယ်ရှားပေးပါတယ်။ အက်စ်ပရင်ဆေးလုံး (Tablets) ၅ လုံးကိုအမှုန့်ကြိတ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေ ခွက်၁/၄ ပုံနဲပရောကာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ပါ။ နေ့စဉ်လုပ်ပေးပါ။ ၁ လလောက်ဆို သိသာလာမှာဖြစ်ပါတယ်။ ပေါင်းကြား ချိုင်းကြားနဲ့ ညိုမဲနေတဲ့အသားရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

အပင်တွေကို ပိုပြီး ရှင်သန်စေတယ်

အက်စ်ပရင်ကို မှုန့်နေအောင်ကြိတ်ပြီး ရေနဲ့ရောကာ အပင်တွေကို ဖြန်းပေးမယ်ဆိုရင် အပင်တွေရဲ့ သက်တမ်းကို ပိုပြီး ရှည်စေပါတယ်။ အပင်တွေကို ပိုပြီး လန်းဆန်းပြီး အစိမ်းရောင်သန်းစေပါတယ်။

ဆံပင်အရောင်ကို မလွင့်အောင်ကာကွယ်ပေးတယ်

ဆံပင်အရောင်တောက်တောက်နဲ့ လှပနေတဲ့အရောင်ကို လူတိုင်းနှစ်သက်ကြပါတယ်။ ဆံပင်အရောင်မွှဲခြောက်တာကို သက်သာစေဖို့အတွက် အက်စ်ပရင်ဆေးပြား ၈ ပြားကို ရေနွေးတစ်ခွက်နဲ့ရောလိုက်ပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ် လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ချပါ။

ချွေးစွန်းတဲ့ကွက်တွေကို ဖယ်ရှားပေးနိုင်တယ်

ချွေးထွက်များလို့ အကျ်ီတွေ မှာ စွန်းနေတဲ့ ချွေးကွက်တွေကို အက်စ်ပရင်ဆေးက ဖယ်ရှားပေးနိုင်ပါတယ်။ အက်စ်ပရင်ဆေးပြား ၂ ပြားကို မှုန့်နေအောင်လုပ်ပြီး ရေနွေးခွက်တစ်ဝက်စာနဲ့ ရောလိုက်ပါ။ ပြီးရင် ရှပ်အကျ်ီကိုယူပြီး စိမ်ထားပေးလိုက်ပါ။ ၂ နာရီလောက်ထားပါ။ အဲဒီနောက် လက်နဲ့ပွတ်ပေးပြီး ရေဆေးချပါ။

အသာမာတွေကို ဖယ်ရှားပေးနိုင်တယ်

ဖျက်ရခက်တဲ့အသာမာတွေအတွက် အက်စ်ပရင်ဆေးလုံး (Tablets) ၆ လုံးကို ရေနည်းနည်း၊ သံပုယိုရည်နည်းနည်းနဲ့ ရောလိုက်ပါ။ ပြီးရင် ခြေထောက်နားမှာ လိမ်းပေးပြီး သဘက်ပူပူနဲ့ကပ်ထားပါ။ အဲဒီနောက် ပလတ်စတစ်ပတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ဖယ်လိုက်ပါ။ အသာမာတွေ ပျော့သွားမှာဖြစ်ပြီး ချေးတွန်းတဲ့အတံ(သို့) ခဲလုံးနဲ့ ချေးချွတ်လိုက်ပါ။

ဝက်ခြံတွေကို ကုသပေးနိုင်တယ်။

ဝက်ခြံအတွက်ဆိုရင်တော့ အက်စ်ပရင်ဆေးပြားတချို့ကို အမှုန့်ကြိတ်လိုက်ပြီး ရေနွေးနဲ့ ခပ်ပျစ်ပျစ်ရောလိုက်ပါ။ ပြီးရင် ဝက်ခြံပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေး ဆပ်ပြာနဲ့မျက်နှာသစ်လိုက်ပါ။ ဝက်ခြံအမြန်ခြောက်စေပါတယ်။

ဗောက်ပျောက်စေဖို့

ဗောက်ပျောက်စေဖို့အတွက်ဆိုရင် အက်စ်ပရင်ဆေးလုံး (Tablets) ၂ လုံးရဲ့ အမှုန့်ကိုယူပြီး ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ရောလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ပြီး အက်စ်ပရင်ရောထားတဲ့ ခေါင်းလျှော်ရည်ကိုလိမ်းကာ ၂ မိနစ်လောက်ထားပါ။ ပြီးမှ ရိုးရိုးခေါင်းလျှော်ရည်သုံးပြီး ခေါင်းထပ်လျှော်ပါ။

အင်းဆက်ပိုးမွှားတွေကိုက်တာ သက်သာစေဖို့

ခြင်း ပုရွက်စိတ်တို့လို အင်းဆက်ပိုးမွှားတွေကိုက်လို့ ရောင်ရမ်းတာတွေအတွက် အက်စ်ပရင်ကို အမှုန့်ကြိတ်ပြီး ရေနည်းနည်းနဲ့ရောလိမ်းလိုက်ပါ။ သက်သာသွားမှာဖြစ်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းတွေမှာ ပေကျံနေတဲ့ အမည်းဆီတွေကို သန့်ရှင်းပေးနိုင်တယ်။

မီးဖိုချောင်မှာသုံးနေတဲ့ ဒယ်အိုးတွေ ဒန်အိုးတွေမှာ ချွတ်ရခက်တဲ့ အမည်းဆီတွေကို အက်စပရင်ဆေးပြားအနည်းငယ်ကို အမှုန့်ကြိတ် ပြီး ရေနည်းနည်းနဲ့ရောကာ တိုက်ပေးပါ။