ညဖက်အချိန်က ပုံမှန်အချိန်များထက် အလှအပဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ညအချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပြန်လည်အားပြည့်လာပြီး ကိုယ့်ရဲ့အားထုတ်မှုတွေက အာနိသင်ထိရောက်မှုရှိလာမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ညအိပ်နေစဉ်အတွင်းမှာပါ မိမိကိုယ်ကို ဂရုစိုက်နိုင်မည့် နည်းလမ်းများကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ရှားစောင်းလက်ပတ်ဖြင့် မျက်နှာပေါင်းတင်ပါ။

ရှားစောင်းလက်ပတ်အရည်သည် အသားအရေကို ဖြူဖွေးဝင်းပလာစေရုံသာမက ဝက်ခြံများကို ဖယ်ရှားပေးပြီး အရေးအကြောင်းများကို ပြေပျောက်စေပါသည်။

၂။ မျက်လုံးအောက်ခြေကို ဗီတာမင်အီးဖြင့် ပေါင်းတင်ပေးပါ။

မျက်လုံးအောက်တဝိုက်ရှိ အသားအရေသည် ခြောက်သွေ့၊ ပါးလွှာသည့်အတွက် အရွယ်မတိုင်ခင် အရေးအကြောင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အတွက် အိပ်ရာသို့မဝင်ခင် ဗီတာမင်အီးကို မျက်လုံးအောက်ခြေတဝိုက် လိမ်းခြံပေးခြင်းဖြင့် ပေါင်းတင်ပေးနိုင်ပါတယ်။

၃။ မျက်တောင်နှင့် မျက်ခုံးမွှေးတို့ကို ကြက်ဆူဆီလိမ်းခြယ်ပေးပါ။

မျက်တောင်ကော့တံအဟောင်းကို ရေဖြင့်ပြောင်စင်အောင် ဆေးပြီးနောက် ကြက်ဆူဆီထဲသို့နှစ်ပြီး မျက်တောင်များနှင့် မျက်ခုံးမွှေးတို့ကို လိမ်းပေးပါ။ ထိုသို့လိမ်းခြယ်ပေးခြင်းက သင့်ရဲ့ မျက်ခုံး၊ မျက်တောင်မွှေးတို့ကို ထူထဲလှပလာစေနိုင်ပါတယ်။

၄။ နှုတ်ခမ်းကို အုန်းဆီသုတ်လိမ်းပေးပါ။

အုန်းဆီသည် ခြောက်သွေ့နေသော နှုတ်ခမ်းသားများအတွက် အလွန်အထောက်အကူဖြစ်စေမှာပါ။ အိပ်ရာသို့မဝင်ခင် သုတ်လိမ်းပေးပါက မနက်အချိန်မှာ လှပသည့်နှုတ်ခမ်းသားလေးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

၅။ ဆံကေသာကို စိုစွတ်မှုရှိနေစေပါ။

သင့်ဆံသားသည် နေ့အချိန်တွင် အမျိုးမျိုးသော ပတ်ဝန်းကျင်တို့နှင့် ထိတွေ့နေရသည့်အတွက် ပြန်လည်သက်သာမှုရှိစေရန် အလွန်အရေးကြီးပါသည်။ အစိုဓာတ်ခမ်းခြောက်ပါက ဆံသားများ ခြောက်သွေ့ကြမ်းတမ်းလာမှာဖြစ်သည့်အတွက် ဆံကေသာကို အချိန်ပြည့်အစိုဓာတ်ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။

၆။ လက်နှစ်ဖက်ကို နူးညံ့မှုရှိစေပါ။

ညအိပ်ရာဝင်ခါနီးအချိန် လက်ကိုစင်ကြယ်အောင်ဆေးပြီးနောက် ရေဓာတ်ဖြည့်ခရင်မ်တစ်မျိုးမျိုးကို သုတ်လိမ်းပေးပါ။ လက်ချောင်းများကြားထဲပါ သေချာနှံ့နှံ့စပ်စပ်ရှိအောင် ဂရုတစိုက်လိမ်းပြီးနောက်မှာတော့ လက်အိတ်စွပ်ပြီး အိပ်ရာသို့ဝင်နိုင်ပါတယ်။

၇။ ခြေထောက်ရှိ ကြမ်းတမ်းသောအသားအရေကို ဖယ်ရှားပစ်ပါ။

နေ့အချိန်တွင် နေရာအစုံသို့သွားရောက်ပြီးသည့်နောက်မှာတော့ ခြေထောက်မှာ အသားမာစွဲကျန်ရစ်နိုင်ပါသည်။ ထို့အတွက်ကြောင့် အိပ်ရာဝင်ခါနီး ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောပြီး ခြောက်သွားပြီဆိုပါက သံလွင်ဆီ သို့မဟုတ် အုန်းဆီ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ ထို့နောက် ခြေထောက်ကို ခြေအိတ်စွပ်ပြီး အိပ်ရာသို့ဝင်နိုင်ပါတယ်။