ယနေ့ခေတ်မှာ ခေတ်မှီတိုးတက်နေတဲ့လူနေမှုပုံစံရဲ့ အဓိကပြဿနာကတော့ ချစ်သူခင်သူ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လည်ပတ်စားသောက်မယ်၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ကုန်မယ်၊ တစ်နေ့တစ်နေ့ အလုပ်သွား အိပ်ပြန်လာအနားယူမယ် စသဖြင့် စားဝတ်နေရေးအတွက်လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ကာ မိမိရဲ့ကျန်းမာရေးကိုတော့ လျစ်လျူရှုမိထားကြပါတယ်။

လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေကြရတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါဆိုရင် ခါးနာရောဂါကို သက်သာပျောက်ကင်းဖို့အတွက် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

၁။ ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ဝမ်းတွင်းအမြှေးရောင်ခြင်းကြောင့် ခါးနာရောဂါကိုခံစားရတဲ့အခါ ရေနွေးအိတ်ကပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခါးပေါ်မှာ ရေနွေးအိတ်ကပ်တဲ့အခါ ဝမ်းဗိုက်ရောင်ရမ်းခြင်းကို ပိုမိုခံစားရနိုင်လို့ပါပဲ။ အဲ့ဒီလိုခံစားရတဲ့အခါ ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ။ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်များနဲ့ ကုသမှုအမြန်ဆုံးခံယူပါ။

၂။ အကြောဆွဲဆန့်ကာ ဖြေလျော့ခြင်း

အကြောဆွဲဆန့်ကာ အပန်းဖြေအနားယူခြင်းကို ပုံမှန်ပြုလုပ်ပေးတဲ့အခါ Endrophins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ဦးနှောက်ဆီသို့ပေးပို့ပါတယ်။ အဲ့ဒီဟော်မုန်းက သင့်ကိုပျော်ရွှင်စေတဲ့စိတ်ခံစားမှုကောင်းတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ဖိအားတွေများကို လျော့ကျစေကာ ကြွက်သားများကို သန်မာအောင်ပြုလုပ်ပေးပါတယ်။

၃။ ရေနွေးအိတ်နဲ့ ရေအေးအိတ်ကပ်ခြင်း

လေးလံတဲ့ပစ္စည်းတစ်ခုခုမလိုက်ခြင်းကြောင့် ခါးနာသွားတဲ့အခါ စဖြစ်ဖြစ်ခြင်း ၂၄ နာရီကနေ ၄၈ နာရီအတွင်းကို ရေအေးအိတ်ကပ်ပေးပြီး ၄၈ နာရီကြာတဲ့အခါမှာတော့ ရေနွေးအိတ်ပြောင်းကပ်လိုက်ပါ။ ဆက်တိုက်မကပ်ဘဲနဲ့ တစ်ခုနဲ့တစ်ခုကြား နာရီအနည်းငယ်ခြားကပ်ခြင်းဖြင့် သင့်အသားအရေပျက်စီးခြင်းမှ ကာကွယ်လိုက်ပါ။

၄။ အိပ်စက်မှုပုံစံအနေအထားပြောင်းလဲလိုက်ပါ

မာကျောတဲ့မွေ့ယာများကြောင့်လည်း ခါးနာတတ်ပါတယ်။ အရင်ကအိပ်နေကျပုံစံကို ပြောင်းလဲလိုက်ပြီး သင့်ဒူးခေါင်းအောက်မှာ (သို့) ဒူးခေါင်းနှစ်ခုကြား ခေါင်းအုံးထားထားမယ်ဆိုရင် သင့်ခါးနဲ့ ဒူးက တင်းမာနေတဲ့အကြောတွေကို ပြေလျော့သွားစေပါတယ်။

၅။ Yoga လေ့ကျင့်ခန်း၊ အကြောပျော့ပျောင်းစေတဲ့လေ့ကျင့်ခန်းများပြုလုပ်ပါ

အကြောများတင်းမာမှုကြောင့် ခါးနာဝေဒနာကို ခံစားရတာဖြစ်တဲ့အတွက် Yoga လေ့ကျင့်ခန်းများကို ပြုလုပ်ပေးမယ်ဆိုရင် သင့်ကြွက်သားများကို ဖြေလျော့ပေးပြီး သင့်စိတ်ကိုလည်း တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ပေးပါတယ်။

၆။ ဆေးလိပ်ဖြတ်ပါ (သို့) လျော့သောက်ပါ

ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ထိခိုက်စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ထိခိုက်စေပြီး ကင်ဆာရောဂါများကို ဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးကြောလေးများကို ထိန်းချုပ်လိုက်ပြီး ပျော့ပျောင်းတဲ့တစ်သျှူးများထုတ်လုပ်မှုကို လျော့ကျသွားစေပါတယ်။

၇။ ဦးနှောက်ကို အားဖြည့်ပေးပါ

စိတ်ပညာရှင်များရဲ့ပြောကြားချက်အရ ခါးနာရခြင်းက စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းများနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းပြုလုပ်ပေးပြီးတဲ့နောက်မှာ မိမိကိုဘယ်အရာတွေက ဖိအားပေးနေတာလဲဆိုတာ အချိန်ယူစဉ်းစားပါ။ တရားထိုင်ခြင်း၊ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူခြင်းလေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

၈။ နေ့စဉ်နေထိုင်မှုပုံစံကို ဂရုစိုက်ပါ

ထိုင်တဲ့အခါ သက်သောင့်သက်သာဖြစ်စေတဲ့ ထိုင်ခုံကိုသာရွေးချယ်ပါ။ ထိုင်တဲ့အခါမှာလည်း ပုံစံတစ်မျိုးထဲမှာပဲ အကြာကြီးမထိုင်ဘဲ အနေအထား ပြောင်းလဲပေးပါ။ မိန်းကလေးများအနေနဲ့လည်း မြင့်လွန်းသောဒေါက်စီးခြင်း ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်မှ ဗီတာမင်ဒီနဲ့ မနက်ခင်းနေရောင်ခြည် ထိတွေ့မှု လုံလောက်စွာရရှိစေပြီး အရိုးများ ကျန်းမာကြံ့ခိုင်အောင် ပြုလုပ်ပေးပါ။

Source: Brightside.me