ငါးကြီးဆီထဲမှာ Omega 3 နဲ့ Omega 6 ဖက်တိအက်စစ်တွေ ပါဝင်တဲ့အတွက်ကြောင့် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဆော်လမွန်ငါးကနေပြုလုပ်ထားတဲ့ ငါးကြီးဆီကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးငါးကြီးဆီပါပဲ။

ဒါဆိုရင်တော့ ငါးကြီးဆီကို ဘာ့ကြောင့် နေ့စဉ်မှီဝဲစားသုံးသင့်လဲဆိုတဲ့ အချက်များကို အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ခုခံအားကို တိုးမြှင့်ပေးတယ်

ငါးကြီးဆီထဲမှာ ပါဝင်တဲ့ Omega 3 ဟာ ခန္ဓာကိုယ်ခုခံအားကိုတိုးမြှင့်ပေးပြီး ရောဂါပိုးဝင်ရောက်နိုင်မှုကို တားဆီးပေးပါတယ်။

၂။ သက်လုံကောင်းစေတယ်

ငါးကြီးဆီသောက်သုံးခြင်းကြောင့် အားကစားပြုလုပ်နေချိန်မှာ အဆီဓာတ်များကို အသုံးပြုပြီး ပိုမိုပြင်းထန်တဲ့အားကစားတွေပြုလုပ်နိုင်ဖို့အတွက် Glycogen များကို သိုလှောင်ပေးထားပါတယ်။ ဒါကြောင့်မို့ အားကစားသမားများအနေနဲ့ နေ့စဉ်မှီဝဲသင့်တဲ့ဆေးဝါးတစ်လက်ပါပဲ။

၃။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းမှ ကာကွယ်ပေးတယ်

လေ့လာချက်တွေအရ ပင်လယ်ကမ်းခြေနားမှာနေထိုင်ပြီး ငါးများများစားသုံးတဲ့သူများက အရိုးအဆစ်နာကျင်မှုဝေဒနာ ခံစားရနိုင်ခြေနည်းပါးပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ အရိုးအဆစ်တွေ ကောင်းမွန်စွာလှုပ်ရှားနိုင်ဖို့အတွက် အဆီဓာတ်လိုအပ်ပြီးတော့ ငါးရဲ့အဆီက အကောင်းဆုံးပါပဲ။

၄။ အားကစားပြုလုပ်ပြီးတဲ့နောက်မှာ စွမ်းအင်တွေအလျင်အမြန်ပြန်ပြည့်လာတယ်

သုတေသနစမ်းသပ်ချက်အရ Omega 3 အက်စစ်ကိုသောက်သုံးခြင်းက အားကစားပြုလုပ်ပြီးတဲ့အခါ ကြွက်သားများနာကျင်ခြင်း၊ ရောင်ရမ်းခြင်းကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ ငါးကြီးဆီကတော့ သင့်ကို စူပါမန်းလိုစွမ်းအားတွေ ရအောင်မလုပ်ပေးနိုင်ပေမဲ့ ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကိုတော့ အလျင်အမြန်ပြန်လည်ဖြည်းဆည်းပေးဖို့ ကူညီပေးပါလိမ့်မယ်။

၅။ စိတ်ဖိစီးမှုကို လျော့ချပေးတယ်

ငါးကြီးဆီမှာပါတဲ့ အက်စစ်ဓာတ်က သင့်ကို ခံစားချက်ကောင်းတွေ ရရှိအောင် ကူညီပေးနိုင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုဒဏ်ကိုလျော့ချပေးပါတယ်။ စိတ်ကစဉ့်ကလျားရောဂါခံစားရသူများ၊ စိတ်မကျန်းမာသူများအတွက် ငါးကြီးဆီက ကူညီပေးနိုင်ပါသေးတယ်။

၆။ အသားအရည်ကို ကြည်လင်ဝင်းပစေတယ်

ငါးကြီးဆီက အသားအရည်တင်းရင်းဖို့နဲ့ အရေးအကြောင်းများကို ကာကွယ်ပေးတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ကြောင့် အသားအရည်မွဲခြောက်ခြောက်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၇။ အမြင်အာရုံကောင်းမွန်ဖို့ရန်အတွက် ကူညီပေးတယ်

ဆရာဝန်များက မျက်လုံးရေတိမ်ရောဂါခံစားရသူများကို ငါးကြီးဆီသောက်သုံးဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ရောဂါကို အရှင်းပျောက်အောင်တော့ မပြုလုပ်ပေးနိုင်ပေမဲ့ သက်သာအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါမခံစားရသူများလည်း သောက်သုံးသင့်ပါတယ်။

၈။ ရင်သားဖွံ့ဖြိုးအောင် ကူညီပေးတယ်

သဘာဝအတိုင်း ရင်သားကြီးထွားဖွံ့ဖြိုးဖို့အတွက် သံလွင်ဆီ၊ တို့ဖူး၊ ပင်လယ်ရေညှိနဲ့ ငါးကြီးဆီတို့က ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါးနဲ့ဓာတ်မတည့်သူများ၊ သိုင်းရွိုက်အကျိတ်ခံစားရသူများ၊ အသည်း၊ ဆီးလမ်းကြောင်းနဲ့ အစာအိမ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိသူများနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်နေရချိန်၊ ကလေးနို့တိုက်ကျွေးချိန်မှာ ငါးကြီးဆီကို မသောက်သုံးသင့်ပါဘူး။

Source: Brightside.me