ယနေ့ခေတ်လို အသက်ရှင်နေထိုင်ဖို့အတွက် ကြိုးစားအားထုတ် ရုန်းကန်နေရတဲ့ ဘဝကြီးတွင် အခက်အခဲမရှိ အလုပ်လုပ်နိုင်ဖို့အတွက် သက်လုံအားကောင်းနေဖို့လိုအပ်ပါတယ်။ သက်လုံအားမကောင်းဘူးဆိုရင် ဘယ်လောက်ပဲစိတ်အားထက်သန်နေပါစေ မည်သည့်အရာမှ အရှေ့ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် အားအင်ဖြည့်တင်းဖို့ ဆေးဝါးတွေဝယ်သောက်စရာမလိုဘဲ သဘာဝအတိုင်း သက်လုံအားကောင်းစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အညိုရောင်ဆန်

ဖိုက်ဘာ၊ ဗီတာမင်ဘီ Complex နှင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်သည့်အပြင် အဖြူရောင်ဆန်နဲ့မတူဘဲ အညိုရောင်ဆန်က ကစီဓာတ်ပါဝင်မှုနည်းပါးလို့ အစာခြေဖျက်ရ ပိုမိုလွယ်ကူစေပါတယ်။ အချိန်အကြာကြီးပြည့်အင့်မှုကို ဖြစ်ပေါ်စေသည့်အတွက် တနေ့တာလုံးခွန်အားဖြစ်နေစေမှာပါ။

၂။ ဥများ

ပရိုတင်းဓာတ်အများအပြားပါဝင်ပြီး ကယ်လိုရီတွေလောင်ကျွမ်းစေရုံသာမက အီစိမ့်သည့်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာပေါ်က ရှိသမျှ ပရိုတင်းဓာတ်အများဆုံးပါဝင်သော အစားအစာများထဲမှ တစ်ခုဖြစ်ပြီး မရှိမဖြစ်လိုအပ်သည့် အမီနိုအက်စစ်ကိုးမျိုးပါဝင်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

၃။ ငါး

အိုမီဂါသရီးဖက်တီးအက်စစ်သုံးမျိုးထဲမှာမှ EPA နှင့် DHA နှစ်မျိုးကို ငါးထဲမှာ အထူးသဖြင့် ဆယ်လ်မွန်နဲ့တူနာငါးတွေထဲမှာ တွေ့ရပါတယ်။ ပရိုတင်းနှင့် ဗီတာမင်ဒီတို့လည်း အထူးကြွယ်ဝသည့်အတွက် တနေ့တာအတွက် အားအင်ဖြစ်စေပါတယ်။

၄။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

သံဓာတ်ချို့တဲ့သည့်အခါမှာလည်း အားအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်၊ ဖိုက်ဘာတို့ အပြည့်ပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်း သွေးနှင့်အောက်ဆီဂျင် ပုံမှန်လည်ပတ်မှုကို ဖြစ်စေပါတယ်။

၅။ အချဉ်ဓာတ်ရှိ အသီးအနှံများ

အအေးမိတာ၊ ချောင်းဆိုးတာတွေမှလည်း အားအင်ချို့တဲ့မှုကို ဖြစ်စေနိုင်လို့ ဗီတာမင်စီအပြည့်အဝပါဝင်တဲ့ အချဉ်ဓာတ်ရှိအသီးအနှံတွေကို စားသုံးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဗီတာမင်စီက အားအင်ပမာဏကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၆။ ငှက်ပျောသီး

ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်၊ Complex ကာဗိုဟိုက်ဒရိတ်၊ ဖိုက်ဘာတို့ပါဝင်လို့ အားအင်ပြန်လည်ဖြည့်တင်းပေးတဲ့ အစားအစာတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ ဒါ့အပြင် ဒိုပါမင်းဟုခေါ်သည့် ခန္ဓာကိုယ်အတွင်းက စိတ်ပျော်ရွှင်စေသည့် ဟော်မုန်းထုတ်လွှတ်မှုကို တိုးမြှင်ပေးလို့ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။

၇။ မြေပဲထောပတ်

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေ၊ ပရိုတင်းတွေ အလွန်ကြွယ်ဝတဲ့ မြေပဲထောပတ်က သက်လုံအားကိုမြှင့်တင်ပေးတဲ့အပြင် ဆာလောင်မှုကိုလည်းပျောက်ကင်းစေပါတယ်။

၈။ အယ်လ်မွန်စေ့ (ဗာဒံစေ့)

အားအင်ကုန်ခမ်းနေပြီလို့ ခံစားရတဲ့အခါတိုင်း အယ်လ်မွန်စေ့များကို စားသုံးပေးပါ။ ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးရုံသာမက သက်လုံအားကိုလည်း တိုးမြှင့်ပေးပါတယ်။ ဦးနှောက်နှင့်အရိုးတွေကို သန်မာစေရုံသာမက ကိုယ်အလေးချိန်ကျဖို့လည်း ကူညီပေးနိုင်ပါတယ်။