ယနေ့အချိန်မှာ ဆရာဝန်တို့ရဲ့ ပြောစကားများအရ ကျန်းမာရေးအပေါ် အထူးအာရုံစိုက်သူများဟာ သောကလွန်ကဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ယခုဖော်ပြပေးချင်တာကတော့ အာဟာရပညာရှင် ဒေါက်တာ Cynthia Geyer ဖော်ပြထားတဲ့ ကောင်းမွန်တဲ့ကျန်းမာရေးတစ်ခုမှာ ရှိတတ်တဲ့ လက္ခဏာရပ် ၈ ခုပဲ ဖြစ်ပါတယ်။

၁။ ဗိုက်ဆာတဲ့အချိန်သာစားပြီး ဘယ်တော့မှ အလွန်အကျွံမစားခြင်း

ပျင်းလို့ပင်ဖြစ်စေ စိတ်ကကိုအစားအစာကို တောင့်တတဲ့အချိန်တွေမှာဖြစ်စေ အစားလိုက်ရှာပြီး မစားတတ်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ ရှေ့ဆက်သွားနိုင်ပါတယ်။

၂။ သင့်ရဲ့ Diet ဟာ ကျန်းမာရေးနဲ့ညီမျှခြင်း

အရသာလည်းရှိပြီး အမျိုးအစားမတူတဲ့ အစားအသောက်များကို စားသုံးပေးပြီး ကိုယ့်ကျန်းမာရေးအတွက် မကောင်းသည့် အချိုတွေ၊ အစားအစာများကို ရှောင်ရှားပါ။

၃။ ခန္ဓာကိုယ်မှ လိုအပ်သလောက်သာ စားသုံးခြင်း

လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အစားအသောက်လိုအပ်မှုတွေ ရှိပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ခန္ဓာကိုယ်မှ အချက်ပြတာကို သေချာသတိထားပြီး ဘာလိုချင်သလဲဆိုတာကို နားလည်သဘောပေါက်ပါ။

အများကြီးလည်းမစားဘူး၊ လျှော့ပြီးတော့လည်းမစားဘူး၊ အစားအသောက်အမျိုးမျိုးကို စားသုံးပြီး သိပ်ပြီးအာရုံမထားခြင်းပါ။

၄။ လှေကားအများကြီးတက်နိုင်ပြီး အသက်ပုံမှန်ရှူနိုင်ခြင်း

ကောင်းမွန်တဲ့ ကိုယ်ခံအားဆောက်တည်မှုရှိမရှိကို ခန္ဓာကိုယ်မှ ညွှန်ပြနေတဲ့အရာပါ။ လှေကားတွေတက်နေစဉ်မှာ သေလောက်အောင်မောပန်းတယ်လို့ မခံစားရဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် ကျန်းမာတယ်လို့ မှတ်ယူနိုင်ပါတယ်။

၅။ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားခြင်းစတဲ့ ခံစားချက်များဖြစ်ပေါ်ခြင်း

ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ၊ စိတ်ဓာတ်ကျတာတို့ တခါတလေဖြစ်ပေါ်တာဟာ သာမန်ဖြစ်တဲ့အတွက်ကြောင့် ဒီလိုခံစားချက်တွေအကုန်လုံးကို ခံစားရတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုရှိပါတယ်။

၆။ နှိုးစက်မလိုဘဲ မနက်စောစောထနိုင်ခြင်း

နှိုးစက်လည်းမထားဘဲ စိတ်လက်ပေါ့ပါးစွာ မနက်စောစောနိုးထနိုင်ခြင်းက ကောင်းမွန်တဲ့အိပ်စက်မှု၊ အနားယူမှုတို့ကို အပြည့်အဝရရှိထားလို့ လူလည်းကျန်းမာသွက်လက်နေမှာပါ။

၇။ ချက်ချင်းအိပ်မပျော်ခြင်း

ခေါင်းနဲ့ ခေါင်းအုံးထိလိုက်တာနဲ့ ချက်ချင်းအိပ်မပျော်တာက နေ့စဉ်မဟုတ်ရင်တော့ သာမန်ကိစ္စတစ်ရပ်ပါ။ ပုံမှန်အိပ်ပျော်ချိန်ဟာ ၁၀ မိနစ်မှ မိနစ် ၂၀ အထိ ကြာမြင့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ နှေးကွေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

၈။ ကိုယ်လုပ်ချင်တာလုပ်ဖို့ အားအင်အပြည့်ရှိခြင်း

သူငယ်ချင်းများနဲ့တွေ့ဆုံခြင်း သို့မဟုတ် တိရစ္ဆာန်လေးများနဲ့ အချိန်ကုန်ဆုံးခြင်းတို့လို ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတွေကို ပြုလုပ်ဖို့ အားအင်လုံလုံလောက်လောက်ရှိတယ်ဆိုရင် ကျန်းမာတယ်လို့ ယူဆနိုင်ပါတယ်။

ပုံမှန်အတိုင်း အိပ်ပျော်တယ်၊ ကောင်းကောင်းစားတယ်၊ နေ့လည်နေ့ခင်းမှာ သွားလာလှုပ်ရှားနိုင်တယ်ဆိုရင်တော့ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာမလိုပါဘူး။ သင့်ကိုယ်သင်ရော ဒီလိုအခြေအနေတွေမှာ မြင်တွေ့နေရသလား။

Credit: BrightSide