တခါတရံအချိန်များတွင် ဘဝက သင့်ကို အမျိုးမျိုးနှောင့်ယှက်မှုပေးလာတတ်ပါတယ်။ ထိုအခါများ၌ အကောင်းထက် အဆိုးဖက်သွားတဲ့ စိတ်ခံစားချက်များကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုသာမက ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ခံစားလာရနိုင်ပါတယ်။

မိမိတို့ရဲ့ ဝိညာဉ်နှင့်ခန္ဓာကိုယ်မှာ ရောယှက်နေတာကြောင့် ခန္ဓာကိုယ်ကပြနေတဲ့ အင်ကြင်လက္ခဏာများကို သေချာသတိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် မတူညီကွဲပြားသော စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ဖြစ်ပေါ်လာစေနိုင်တဲ့ နာကျင်ဝေဒနာ (၈)မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

ခေါင်းကိုက်ခြင်း

ပြင်းထန်သည့်ခေါင်းကိုက်ခြင်းများက စိတ်ဖိစီးမှုအလွန်အကဲခံစားနေရကြောင်းကို ပြသနေသည့် သာမန်လက္ခဏာတစ်ခုဖြစ်သည့်အတွက် ကိုယ်ကြိုက်နှစ်သက်သည့် အရာများကိုစတင်ပြုလုပ်ပေးပါ။

လမ်းလျှောက်ခြင်း၊ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း စသည့် အလေ့အထလေးတွေကို လုပ်ပေးပြီး စိတ်ဖိစီးမှုများကို ဖြေဖျောက်ပေးနိုင်ပါတယ်။

ဂုတ်နာကျင်ခြင်း

ထိုကဲ့သို့နာကျင်မှုသည် အရာများကိုလက်လွှတ်လိုက်ဖို့နှင့် လူများကို ခွင့်လွှတ်ဖို့အခက်အခဲရှိနေသူများတွင် အဖြစ်များတတ်ပါတယ်။ မည်သူမှပြီးပြည့်စုံတာမဟုတ်ဘဲ လူတိုင်းအမှားလုပ်တတ်တယ်ဆိုတာကို အမြဲအမှတ်ရပါ။

အခြားသူများကို အမြဲအကောင်းမြင်တတ်ဖို့ကြိုးစားပြီး သူတစ်ပါးရဲ့အမှားကို ကိုယ့်အမှားအဖြစ်မခံပါနှင့်။ မိမိသာမက အခြားသူများလည်း အမှားလုပ်တတ်တယ်ဆိုတာကို အစဉ်မှတ်ထားပါ။

ပခုံးနာကျင်မှု

စိတ်ခံစားမှုအစုံအလင်ကို တယောက်တည်းကျိတ်ခံစားနေတတ်သော သူများတွင် အဖြစ်များပါတယ်။ တစုံတခုက သင့်ကိုစိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း ထိုအရာကို လျစ်လျူရှုဖို့ ကြိုးစားနေတတ်ပါတယ်။

ဘယ်အရာကသင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေသလဲဆိုတာကို သေချာသိအောင် ရှာဖွေပေးမှ ထိုအရာကိုဖြေရှင်းဖို့ နည်းလမ်းရှာဖွေနိုင်မှာဖြစ်ပါတယ်။

ကျောအပေါ်ဖက်နာကျင်ဝေဒနာ

တကိုယ်ရည်အထီးကျန်ခြင်း၊ အချစ်ခံလိုခြင်း သို့မဟုတ် အသိအမှတ်ပြုမခံရခြင်းဆိုသည့် စိတ်ပိုင်းဆိုင်ရာခံစားမှုများကြောင့် ဖြစ်ပေါ်လာတာပါ။

ဒါကြောင့် မိမိရဲ့အနီးအနားရှိ ချစ်ခင်ရင်းနှီးသူများနှင့် ပေါင်းသင်းဆက်ဆံပေးပါ။ အကယ်၍သင်ဟာ တကိုယ်ရည်တစ်ကာယတစ်ဦးဆိုလျှင်တော့ အပြင်ထွက်ပြီး သူငယ်ချင်းမိတ်ဆွေအသစ်များဖွဲ့ပြီး ချစ်သူလည်းထားပေးပါ။

ကျောအောက်ပိုင်းဝေဒနာ

ငွေကြေးအခက်အခဲရှိနေသည့်အခါများတွင် ခံစားရတတ်သည့်ဝေဒနာတစ်ခုပါ။ ဒါကြောင့် ပိုက်ဆံနှင့်ပတ်သက်ပြီး သေချာစီမံခန့်ခွဲပြီး သုံးစွဲပေးပါ။

တံတောင်ဆစ်နာကျင်မှု

တံတောင်ဆစ်တောင့်တင်းလာလေ သင်နေထိုင်နေသည့် ဘဝကြီးကလည်း တစ်ဖြည်းဖြည်းတင်းမာလာတာကို ပြသနေပါတယ်။ ပြောင်းလဲရန်အချိန်တန်ပြီဖြစ်ကာ မမျှော်လင့်ထားသည့် အံ့သြမှုများကိုလည်း ကျင့်သားရအောင် ကြိုးစားဖို့လိုအပ်ပါတယ်။

လက်များနာကျင်မှု

အပြင်သို့မကြာခဏသွားပေးပြီး လူအများနှင့်တွေ့ဆုံဖို့လိုနေကြောင်းကို ဖော်ပြပေးနေပါတယ်။ အချိန်အကြာကြီးပျောက်ဆုံးနေသော လန်းဆန်းသည့်စိတ်ခံစားချက်များကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

တင်ပါးဝေဒနာ

ခြေထောက်တွေနှင့် တင်ပါးကဆက်စပ်နေတာဖြစ်တာကြောင့် လှုပ်ရှားရမှာကို ကြောက်နေသည်ကို ပြသနေသည့် လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပြောတာမဟုတ်ဘဲ ဘဝတွင်အရှေ့သို့ဆက်လှမ်းဖို့ကို ကြောက်ရွံ့နေတာကို ပြောခြင်းဖြစ်ပါတယ်။