အမျိုးသမီးအများစုဟာ ဓမ္မတာလာတာ ပုံမှန်မဟုတ်တတ်ကြပါဘူး။ ဓမ္မတာလာတာ ပုံမမှန်လို့ အမြဲလိုလို စိတ်ညစ်နေရတယ် ဒါမှမဟုတ် သာမန်ထက် ဓမ္မတာဆင်းတာများနေတာမျိုး ကြုံနေရပါသလား။ ဒီလိုပြဿနာဟာ သင်တစ်ယောက်တည်း ကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ကအမျိုးသမီးတွေတော်တော်များများ ဓမ္မတာပုံမှန်မလာတာမျိုး ကြုံတွေ့နေရပါတယ်။

ဒါဆိုရင်တော့ ဆရာဝန်ကို သွားရောက်သွားပြသဖို့လိုပါတယ်။ နောက်ပိုင်း အသက်အရွယ်ရလာရင် ကျန်းမာရေးအတွက် မကောင်းပါဘူးနော်။

ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ အဖြူရောင်အစားအစာတွေကို စားသုံးမှုကရှောင်ကျဉ်ပါ

အဖြူရောင်အစင်းရှိတဲ့အစားအစာတွေကိုရှောင်ကျဉ်သင့်ပါတယ်။ အထူးသဖြင့် အသင့်စားအစာတွေကို ရှောင်သင့်ပါတယ်။ အဖြူရောင်သကြား၊ အာလူး၊ အဖြူရောင် Pasta ခေါက်ဆွဲတွေပါဝင်ပါတ်။

၂။ Omega-3 စားပါ

Omega-3 Fatty Acids ပါဝင်တဲ့ အစားအစာတွေ့ို စားပေးသင့်ပါတယ်။ အထူးသဖြင့် ငါးတွေမှာ အိုမီဂါ 3 ပါဝင်လို့ ကျန်းမာရေးအတွက်ရော သင့်ရဲ့ ဓမ္မတာအတွက်ရော ကောင်းမွန်ပါတယ်။

၃။ Green Tea သောက်ပါ

Green Tea ကို ပုံမှန်သောက်ပေးပါ။ အဲလိုသောက်ပေးမယ်ဆိုရင် သင့်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း မြင့်တင်ပေးပြီး လန်းဆန်းတက်ကြွစေမှာပါ။

၄။ ပရိုတင်းဓါတ်လုံလုံလောက်လောက်စားပါ။

ဟော်မုန်းဓါတ်ညီမျှစေဖို့အတွက် ပရိုတင်းဓါတ်ကို လုံလောက်စွာစားပေးပါ။ မြေပဲ၊ ကြက်ဥအကျက်၊ အမည်းသား၊ ချိစ် စတာတွေစားပေးပါ။

၅။ ချော့ကလက်အမည်းစားပေးပါ။

ချော့ကလက်အနက်ရောင်က သင့်ရဲ့ ဓမ္မတာအတွက်ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ဓမ္မတာလာစဉ်မှာ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်။ အနက်ရောင်ချော့ကလက် ခါးခါးကိုစားပေးရမှာပါနော်။

၆။ ဗီတာမင် D လုံလောက်စွာစားပေးပါ။

တူနာငါး၊ ကြက်ဥအနှစ်၊ နို့၊ ဆယ်လ်မွန်စတဲ့ ဗီတာမင်D ကြွယ်ဝတဲ့အစားအစာတွေစားေးပါ။ ဗီတာမင်D က ပုံမှန်မဟုတ်တဲ့ ဓမ္မတာလာတာမျိုးမဖြစ်စေဖို့ကာကွယ်ပေးသလို ဟော်မုန်းဓါတ်ကို မျှတစေပါတယ်။

၇။ သံဓါတ်စားသုံးပေးပါ။

သံဓါတ်ပါဝင်တဲ့ အရွက်တွေ၊ အစားအစာတွေကို စားပေးပါ။ ဓမ္မတာမမှန်တာနဲ့ ဝမ်းဗိုက်နာကျင်ခြင်းကို သက်သာစေမှာဖြစ်သလို ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေမှာပါ။

၈။ ရေနွေးအိတ်သုံးပါ

ဓမ္မတာလာနေစဉ်မှာ ဝမ်းဗိုက်အပြင်းအထန်နာကျင်နေရင် ရေနွေးအိတ်ထဲ ရေနွေးထည့်ပြီး ဝမ်းဗိုက်နားကပ်ထားပေးပါ။ ရေနွေးအိတ်အပြင်ကနေ အဝတ်စတစ်ခုခုနဲ့ ခံပေးထားပါနော်။ ဓမ္မတာမလာခင်ရော လာနေချိန်မှာရော နေ့တိုင်း ၁ နာရီလောက်လုပ်ပေးနိုင်ပါတယ်။