အစားအသောက်တွေ၊ ဆေးဝါးတွေဆိုတာဟာ လုံးဝမစားတာဖြစ်ဖြစ်၊ အလွန်အကျွံမသုံးစွဲတဲ့အခါမျိုးတွေမှာသာလျှင် အကူအညီဖြစ်နိုင်တယ်ဆိုတာကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့လိုမျိုးလုပ်မိမယ်ဆိုရင်တော့ အကျိုးဆက်တွေက ကြောက်စရာကောင်းနိုင်ပါတယ်။

ဒါကြောင့် MyHealth Myanmar ကနေပြီး ဘယ်လိုအစားအသောက်တွေက အလွန်အကျွံစားမိတဲ့အခါ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်လဲဆိုတာသိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

ငံပြာရည်

၂၀၁၃ ခုနှစ်အချိန်တုန်းက ယူအက်စ်ရှိလူငယ်တစ်ယောက်ဟာ ၃၃ အောင်စရှိတဲ့ ငံပြာရည်တစ်ဗူးကို သောက်နိုင်တယ်ဆိုပြီး အလောင်းအစားလုပ်ခဲ့ရာမှ လေဖြတ်သွားပြီး မေ့လဲသွားပါတယ်။ ဆရာဝန်တွေစမ်းသပ်ကြည့်တဲ့အခါ ရေဓာတ်အလွန်ခမ်းခြောက်သွားပြီး အငံဓာတ်အလွန်များပြားနေကြောင်းကို ပြောပြခဲ့ပါတယ်။

လက်ဖက်ရည်

၂၀၁၄ ခုနှစ်တုန်းက ၅၆ နှစ်အရွယ်ရှိလူကြီးတစ်ယောက်ဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီး အကြောင်းအရင်းကတော့ လက်ဖက်ရည်အေးတွေ အများအပြားသောက်သုံးခြင်းကြောင့်ပါပဲ။ မေးမြန်းကြည့်တဲ့အခါမှာ တစ်နေ့လျှင် လက်ဖက်ရည် ၁၆ ခွက်သောက်သုံးခြင်းဖြင့် ဒီလိုမျိုး နောက်ဆက်တွဲ ဆိုးကျိုးကြီးကို ခံစားရခြင်းဖြစ်ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာရှိတဲ့ ဓာတုဓာတ်တစ်ခုဟာ ကျောက်ကပ်တွေကို ဖျက်ဆီးပစ်လိုက်တာပါ။ ဒါကြောင့် တစ်နေ့လျှင် လက်ဖက်ရည်ကြမ်းကို ခြောက်ခွက်ထက်ပိုပြီး မသောက်သင့်ပါဘူး။

ဇာတိပ္ဖိုလ်သီး

ဇာတိပ္ဖိုလ်သီးကို နည်းနည်းပဲစားမယ်ဆိုရင် ဘာမှမဖြစ်ပေမယ့် စားပွဲတင်ဇွန်း ၂ ဇွန်းထက်ပိုပြီး စားသုံးမိပါက စိတ်အာရုံခြောက်ခြားမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

သွားတိုက်ဆေး

ဖလူရိုက်မပါဝင်တဲ့ သွားတိုက်ဆေးအမြောက်အမြားကို မျိုချခြင်းဟာ အစာအိမ်နေထိုင်မကောင်းဖြစ်ခြင်းကိုသာ ဖြစ်ပွားစေပေမယ့် ဖလူရိုက်ပါဝင်တဲ့သွားတိုက်ဆေးကို မျိုချမိရင်တော့ အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် ကလေးများရဲ့ခန္ဓာကိုယ်မှာ ဖလူရိုက်ဟာ အဆိပ်ဖြစ်နိုင်တာကြောင့် မူးဝေခြင်း၊ အစာအိမ်အောင့်ခြင်းနှင့် အခန့်မသင့်ပါက အသက်ဆုံးရှုံးနိုင်ပါတယ်။

ဆိုဒါ

အရသာချိုတဲ့ ဆိုဒါအအေးတွေမှာ အဆိုးရွားဆုံးသော ပါဝင်ပစ္စည်းဖြစ်တဲ့ သကြားအများအပြားပါဝင်ပါတယ်။ သာမန်အမျိုးသားတစ်ယောက်အနေနဲ့ ၇၈၄ အောင်စရှိတဲ့ ဆိုဒါတွေကို သောက်သုံးမိပါက အဆိပ်ဖြစ်နိုင်ပါတယ်။

တူနာ

တူနာငါးအများကြီးစားမိခြင်းက အန္တရာယ်ရှိတယ်လို့ လူအများစုသိထားပေမယ့် ထိုအများကြီးက ဘာကိုဆိုလိုတာလဲကို သေချာသိတာကတော့ လူနည်းနည်းသာရှိပါတယ်။ အချို့တူနာငါးအမျိုးအစားများမှာ မာကျူရီပိုပြီးပါဝင်တာကြောင့် ပေါင် ၁၅၀ ရှိတဲ့လူတစ်ယောက်အနေနဲ့ ဝ.၃ ပေါင်ရှိတဲ့ တူနာကို ကိုးရက်ဆက်တိုက် မစားသုံးသင့်ပါဘူး။

နာကျင်ကိုက်ခဲပျောက်လိမ်းဆေးများ

ဒီလိုလိမ်းဆေးမျိုးတွေဟာ နာကျင်မှုကိုသက်သာစေပေမယ့် မကြာခဏ အသုံးမပြုသင့်ပါဘူး။ ခန္ဓာကိုယ်အပြင်ဖက်အတွက် အသုံးပြုရန်ရည်ရွယ်ထားပေမယ့် ထိုလိမ်းဆေးတွေမှာပါဝင်တဲ့ Methyl Salicylate ဟာ ချွေးပေါက်တွေမှတဆင့် ထိုးဖောက်ဝင်ရောက်သွားပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

Credit: BrightSide