အင်တာနက်မှာ ရှာကြည့်လိုက်မယ်ဆိုရင် ကျန်းမာနေစေဖို့နဲ့ လှပနေစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာတွေ့နိုင်မှာပါ။ ဒါပေမယ့်လည်း ပညာရှင်များရဲ့ပြောစကားများအရ ယခုဖော်ပြပေးမယ့် အလေ့အကျင့်လေးတွေက အားစိုက်ထုတ်စရာလည်းမလိုဘဲ ကျန်းမာဖို့ လုပ်ဆောင်နိုင်မှာဖြစ်လို့ အမြန်ဖတ်ထားလိုက်ပြီး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ရအောင်နော်။

၁။ ကယ်လိုရီမတွက်ပါနဲ့

ကယ်လိုရီထက် အရည်အသွေးကောင်းဖို့က ပိုအရေးကြီးပါတယ်။ အသင့်စားနှင့်အချိုဓာတ်ပါအအေးများက ကိုယ်အလေးချိန်တက်စေဖို့ အဓိက အကြောင်းအရင်းတွေဖြစ်လို့ အစားအသောက်တစ်ခုမှာ ကယ်လိုရီဘယ်လောက်ပါလဲ တွက်မယ့်အစား ကျန်းမာရေးအတွက် ဘယ်လောက်ကောင်းလဲ ဆိုတာကို တွေးတောပါ။

၂။ အသီးအရွက်များများစားသုံးပါ

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဖိုက်ဘာ၊ ရေဓာတ်နှင့် အခြားအသုံးဝင်သော microelements များပါဝင်လို့ များများစားသုံးပေးပါက ကျန်းမာရေးလည်း တိုးတက်လာမှာဖြစ်ပါတယ်။

၃။ စားချင်တာကို စားချင်တဲ့အချိန်မှာ စားလိုက်ပါ

တခါတလေမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်ကို ရှောင်ရှားရန်ကြိုးစားတတ်ကြကာ သည်းမခံနိုင်တဲ့အခါမှာတော့ အများကြီးစားလိုက်မိလို့ ကိုယ်အလေးချိန်တက်သွားစေနိုင်ပါတယ်။ အချိန်တိုင်းကျန်းမာသန်စွမ်းနေစေဖို့ ကိုယ်စားချင်တာကို စားချင်တဲ့အချိန်မှာ စားလိုက်ပါ။

၄။ နှစ်လုပ်စာစည်းမျဉ်းကို အသုံးပြုပါ

ကျန်းမာရေးနဲ့မညီညွတ်ပေမယ့်လည်း အရမ်းကိုစားချင်နေတယ်ဆိုရင်တော့ တစ်ကိုက်စား၊ ရေသောက်၊ နောက်ထပ်တစ်ကိုက် ထပ်ကိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက မြန်မြန်ဆန်ဆန်ဗိုက်ပြည့်သွားစေနိုင်ပါတယ်။

၅။ တနေ့တာကို ပရိုတင်းနဲ့ အစပြုပါ

ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအသောက်တွေက ဆာလောင်မှုဟော်မုန်းပမာဏကို လျော့ချပေးလို့ ကြက်ဥ၊ ကြက်ရင်ပုံ၊ ဒိန်ချဉ် တို့ကို စားသောက်ပေးခြင်းက နေ့လည်အချိန်ထိ ပြည့်အင့်နေစေမှာပါ။

၆။ တစ်နာရီတိုင်းကို နှစ်မိနစ်ခန့်လမ်းလျှောက်ပေးပါ

ထိုင်လျက်အလုပ်လုပ်ရမယ်ဆိုရင် တစ်နာရီပြည့်ပြီးတိုင်း ၂ မိနစ်ခန့်လမ်းလျှောက်ပေးပါ။ ထိုသို့ပြုလုပ်ပေးတာက သင့်ကို တနေ့လုံးတက်ကြွသွက်လက်နေစေမှာပါ။

၇။ ပူပူနွေးနွေးရှိတဲ့ အအေးတွေကိုသောက်ပါ

အနွေးဓာတ်၊ အပူဓာတ်ရှိနေတဲ့ ဖျော်ရည်အအေးတွေကို သောက်သုံးပေးခြင်းက အိုမင်းတဲ့ဖြစ်စဉ်ကို နှေးစေလို့ အစာမစားခင် နာရီဝက်အလိုတိုင်းမှာ ရေနွေးနွေးလေးဖြစ်စေ၊ လက်ဖက်ရည်ကြမ်းဖြစ်စေ တစ်ခွက်ကို အမြဲသောက်သုံးပေးပါ။

၈။ အစာစားပြီး ချက်ချင်း သွားမတိုက်ပါနဲ့

အစာစားပြီးပြီးချင်း သွားမတိုက်သေးဘဲ နာရီဝက်ကြာတော့မှ သွားတိုက်ပေးပါ။ အကယ်၍ချဉ်တာတစ်ခုခုကို သောက်ထားတာ ဒါမှမဟုတ် စားထားတယ်ဆိုရင်တော့ ကြွေတွေပျက်စီးနိုင်လို့ စားပြီးပြီးချင်း သွားမတိုက်ပါနဲ့။