ခံတွင်းသန့်ရှင်းမှုရှိတယ်ဆိုတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ အာခံတွင်းက သန့်ရှင်းနေပြီး ရောဂါပိုးနဲ့ ခံတွင်းနံ့ဆိုးတွေလို ပြဿနာတွေ မရှိတာကိုဆိုလိုပါတယ်။ သွားပိုးမစားအောင် ကာကွယ်တယ်ဆိုတာဟာ ခံတွင်းသန့်ရှင်းမှုရဲ့ တစိတ်တဒေသသာဖြစ်ပါတယ်။ ခံတွင်းတစ်ခုလုံး အရှင်းသန့်ရှင်းမှုရှိဖို့ သွားဖုံးများကိုပါ သေချာဂရုစိုက်ဖို့လိုပါတယ်။

ဒါကြောင့် သွားဖုံးတွေ ကျန်းမာသန်စွမ်းမှုရှိအောင် ကူညီပေးရာတွင် အလွန်အစွမ်းထက်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပန်းသီး

သန့်စင်ဆေးအနေနဲ့လည်း လုပ်ဆောင်တဲ့ ဖိုက်ဘာအလွန်ကြွယ်ဝသည့် အသီးအနှံဖြစ်ပြီး သွားရည်ထုတ်လုပ်မှုကို မြှင့်တင်ပေးလို့ ပါးစပ်အတွင်း ဘတ်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။

၂။ အခွံမာအသီးများနှင့် အစေ့များ

အခွံမာအသီးတွေနဲ့ အစေ့တွေဟာ အနည်းငယ်ခက်ထန်ကြမ်းတမ်းတဲ့ အထိအတွေ့ရှိလို့ သွားချေးတွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားရာတွင် ကူညီပေးပါတယ်။ ဒါ့အပြင် အိုမီဂါသရီးဖက်တီးအက်စစ်ပါဝင်လို့ သွားများကို ပျက်စီးစေနိုင်သည့် သွားဖုံးရောဂါများကို ဖယ်ရှားပေးပါတယ်။

၃။ ဗီတာမင်စီ အစားအစာများ

လိမ္မော်သီး၊ ဘယ်ရီသီးများ နှင့် သံပုရာသီးတို့တွင် ပါဝင်သည့် ဗီတာမင်စီတွေက သွားဖုံးတွေကို ရောဂါပိုးကူးစက်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။

၄။ နို့

နို့တွင်ပါဝင်သည့် ကယ်လ်စီယမ်ကို သွားများကို အားဖြည့်ပေးပြီး ပရိုတင်းဓာတ်တွေက ပါးစပ်အတွင်းက အက်စစ်ပမာဏကို လျှော့ချပေးဖို့ ကူညီပေးလို့ သွားဖုံးဂျေးတက်မှုကို လျော့ကျစေပါတယ်။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်တွေမှာ Anti-inflammatory အစွမ်းသတ္တိတွေပါဝင်လို့ သွားကိုက်ခြင်းတွေအတွက် အလွန်ကောင်းမွန်ပါတယ်။

၆။ အနီရောင်ဘယ်ရီသီးများ (Cranberry)

အခြောက်ခံထားတဲ့ ဘယ်ရီသီးတွေကို ညက်အောင်ဝါးပေးခြင်းက သွားဖုံးကိုကာကွယ်ပေးတဲ့ အစွမ်းသတ္တိတွေကို ထုတ်လွှတ်ပေးပြီး သွားဖုံးကို ညှင်သာတဲ့နှိပ်နယ်မှုကို ဖြစ်စေပါတယ်။

၇။ စမုန်ဖြူ

စမုန်ဖြူတွင် Antibacterial အစွမ်းသတ္တိတွေရှိလို့ ရေနွေးကြမ်းအနေနှင့် သောက်သုံးသည့်အခါ လည်ပင်းနာခြင်း၊ သွားဖုံးရောင်ခြင်းတို့ကို သက်သာစေပါတယ်။

၈။ အရွက်စိမ်းများ

ဖိုက်ဘာအပြည့်ပါဝင်တဲ့ အရွက်စိမ်းတွေက သွားနှင့် သွားဖုံးကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ထိုအရွက်စိမ်းများကို စားသုံးခြင်းက သွားရည်အပိုကိုဖြစ်စေပြီး ခံတွင်းရှိဘတ်တီးရီးယားများကို လျော့ပါးစေပြီး သွားဖုံးကိုဖျက်စီးစေနို်င်သော ဘတ်တီးရီးယားများမှ ကာကွယ်ပေးပါတယ်။