အစားအသောက် ပြင်ဆင်ချက်ပြုတ်ပုံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ နိုင်ငံ တစ်ခုချင်းဆီမှာလည်း သူ့ကိုယ်ပိုင်ဟန်နဲ့ ချက်ပြုတ်နည်းတွေရှိပါတယ်။ ချက်ပြုတ်ပြီးစားတာထက် ဒီအတိုင်း စိမ်းလိုက်စားလိုက်ရင် အဟာရဓာတ်အပြည့်ရတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပန်းမုန်လာစိမ်း

ပန်းမုန်လာစိမ်းမှာ ဗီတာမင် C ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ တခြားအဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါတယ်။ ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုလည်း ကာကွယ်ပေးတဲ့ အစာအစာတစ်မျိုးပါ။ Journal of Agricultural and Food Chemistry မှာ ဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုအရ အဲဒီ ပန်းမုန်လာစိမ်းဟာ အစိမ်းစားရင် ဗီတာမင်နဲ့ တခြား အဟာရဓာတ်တွေကို အလွယ်တကူ ပိုမိုရရှိစေတယ်လို့ ဖော်ပြထားပါတယ်။

၂။ ကြက်သွန်နီ

ကြက်သွန်နီကိုတော့ အစိမ်းစားလေ့စားထရှိကြပါတယ်။ အသုတ်တွေ သုတ်စားတဲ့နေရာမှာ အစိမ်းထည့်သုတ်ကြပါတယ်။ ကြက်သွန်နီဟာ ကင်ဆာကာကွယ်ပေးနိုင်သလို စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ အစိမ်းစားရင် အဟာရဓာတ်ပိုပြီး ရရှိတဲ့ အစားအစာပါ။

၃။ ငရုတ်ပွသီးအနီ

မီးဖိုချောင်ထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်ဖို့

ငရုတ်ပွသီး အနီသီးမှာ ဗီတာမင် C ပါဝင်မှုမြင့်မားသလို ဗီတာမင် B6, E နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ ချက်ပြုတ်လိုက်ရင်တော့ ပိုပြီးချိုပေမယ့် အစိမ်းစားရင် အဟာရဓာတ်ပိုပြီးရရှိတဲ့အစားအစာပါ။

၄။ အခွံမာသီးတွေ

ကယ်လိုရီပါဝင်မှု မြင့်မားပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ၊ ပရိုတင်းဓာတ်နဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး မကောင်းတဲ့ ကိုလက်စရောကိုလျှော့ချပေးနိုင်ပါတယ်။ အစိမ်းလိုက်စားရင် ဗီတာမင်နဲ့ သတ္တုဓာတ် ပိုပြီးရရှိနိုင်ပါတယ်။ ဥပမာ- ဗာဒံသီး၊ သစ်ကြားသီး၊

၅။ ဘယ်ရီသီးတွေ

2232455-blueberries-650-fda65b8177-1484652118

ဘယ်ရီသီးတွေမှာ အဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ရေဓာတ်လည်းကြွယ်ဝပြီး အစိမ်းစားရင် ပိုကောင်းပါတယ်။

၆။ အုန်းသီး

အုန်းသီးကိုတော့ အစိမ်းလိုက်ပဲစားတာများကြပါတယ်။ အုန်းသီးကို အစိမ်းလိုက်စားပေးတာဟာ ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၇။ ကြက်သွန်ဖြူ

garlic-with-parsley-fb

ကြက်သွန်ဖြူကိုတော့ အစိမ်းလိုက်လည်းစားကြတဲ့သူတွေရှိပါတယ်နော်။ ကြက်သွန်ဖြူ အစိမ်းလိုက်စားပေးတာဟာ အဟာရဓာတ်ပိုမိုရရှိစေပြီး အစုပ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင်တယ်လို့ လေ့လာတွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။ ချက်ပြုတ်ပြီးစားရင် ဗီတာမင် နဲ့ သတ္တုဓာတ် ၉၀% ထိဆုံးရှုးနိုင်တယ်လို့ ဆိုပါတယ်။

၈။ နိုကိုဥ

နိုကိုဥကတော့ သဘောဝသကြားဓာတ်တွေ အဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် A,B,C နဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ အစိမ်းလိုက်စားပေးရင် အဟာရဓာတ်ပိုရရှိလို့ ပိုကောင်းပါတယ်။