ကျောရိုးသည် ခန္ဓာကိုယ်ရှိအစိတ်အပိုင်းများကို ဆက်သွယ်ပေးထားသည့် အဓိကဆက်သွယ်မှုတစ်ခုဖြစ်သောကြောင့် မည်သည့်အသက်အရွယ်တွင်မဆို ဂရုတစိုက်ရှိရန်အလွန်အရေးကြီးပါတယ်။ ယခုဖော်ပြမည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်သည့်အခါ ကိုယ်နေဟန်ထားမမှန်ပါက ကျောရိုးကို ထိခိုက်စေနိုင်သောကြောင့် ဂရုတစိုက်ရှိနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ သွားတိုက်ခြင်း

အချိန်အကြာကြီးလမ်းလျှောက်သည်ထက် မတ်တပ်ရပ်သည့်အချိန်တွင် ကျောရိုးပေါ်ဖိအားသက်ရောက်မှု မြင့်မားပါတယ်။ ဒါကြောင့် နေ့စဉ်နာရီပေါင်းများစွာ မတ်တပ်ရပ်ရမည်ဆိုပါက ကျောရိုးပေါ်ဆိုးရွားသည့် သက်ရောက်မှုဖြစ်ပေါ်မှုကို သက်သာစေနိုင်မည့် နည်းလမ်းကိုရှာဖွေသင့်ပါတယ်။ ရှောင်ကြဉ်ရန်နည်းလမ်း – သွားတိုက်သည့်အခါ နံရံပေါ်မှီခြင်း သို့မဟုတ် ဘေစင်ပေါ်လက်ထောက်ခြင်း လုပ်ပေးပါ။

၂။ ပန်းကန်ဆေးခြင်း

ပန်းကန်ခွက်ယောက်ဆေးသည့်အခါ ကိုယ်ခန္ဓာကိုင်းပြီးမတ်တပ်ရပ်ရသောကြောင့် ပခုံးနာကျင်မှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ရှောင်ရှားရန်နည်းလမ်း – ဖင်ထိုင်ခုံ သို့မဟုတ် ကုလားထိုင်ကိုဒူးအောက်တွင်ထားပေးခြင်းက ဖိအားကိုသက်သာစေမှာဖြစ်ပါတယ်။

၃။ စူပါးမားကတ်မှ အိတ်သယ်လာခြင်း

အိတ်အပိုအတွက် ပိုက်ဆံအပိုအကုန်မခံလိုသော်လည်း ကျန်းမာရေးသက်သာမှုရရှိရန်အတွက် ပစ္စည်းများကို အိတ်ခွဲသယ်စေလိုပါတယ်။ နှစ်ဖက်စီ အလေးချိန်ညီညီမျှမျှ ထည့်ပြီး သယ်ဖို့အကြံပေးချင်ပါတယ်။

၄။ ကြမ်းတိုက်ခြင်း

နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ်လျှင်တစ်ကြိမ်တော့ အိမ်သန့်ရှင်းရေးပြုလုပ်ကြစမြဲပါ။ ထိုအခါ ကျောရိုးအလွန်နာကျင်မှုဖြစ်လာနိုင်ကာ ခြေထောက်၊ နောက်ကျောဖက်နှင့် အခြားလှုပ်ရှားမှုပုံစံများလည်း အန္တရာယ်ရှိလာနိုင်ပါတယ်။ ရှောင်ရှားရန် – ကြမ်းတိုက်သည့်အခါ အဝတ်စုတ်ကိုလက်ဖြင့်တိုက်မည့်အစား ကြမ်းတိုက်ဝတ်ကို အသုံးပြုပေးပါ။

၅။ ဖိနပ်ကြိုးချည်ခြင်း

ဖိနပ်ကြိုးချည်သည့်အခါ ဖင်ထိုင်ချလျက် ခြေထောက်ကိုအရှေ့ထုတ်ပြီး ခြည်ပေးပါ။ ကျောရိုးကိုထိခိုက်စေနိုင်သည့် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် ကုန်းသည့်ပုံစံအနေအထားများနှင့် လုံးဝမပြုလုပ်ပါနှင့်။

၆။ ကျောပိုးအိတ်လွယ်ခြင်း

တခါတလေတွင် ကျောပိုးအိတ်ထဲသို့ ရှိရှိသမျှပစ္စည်းအားလုံးကို စုပြုံထည့်သွင်းတတ်လေ့ရှိကြပါတယ်။ ထိုအခါ အင်မတန်လေးလံလှသည့် ကျောပိုးအိတ်ကိုသယ်ပိုးရတာကြောင့် ကျောရိုးအပေါ် မကောင်းသည့်သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့ကြောင့် ကျောပိုးအိတ်ကို တဖက်တည်းလွယ်မည့်အစား ကြိုးနှစ်ဖက်စလုံးဖြင့် အပြည့်လွယ်ပေးပါ။

၇။ အမြင့်မှပစ္စည်းများသယ်ချခြင်း

မြင့်မားသည့်နေရာများမှ ပစ္စည်းများကို လှမ်းယူသည့်အခါ ကျောရိုးဆန့်ထွက်သွားတာကြောင့် မတော်တဆပြုတ်ကျသည့်အခါ အင်မတန် အန္တရာယ်များလွန်းလှပါတယ်။ ဒါကြောင့် အမြင့်မှ ပစ္စည်းများယူစရာရှိသည်ဆိုပါက ကုလားထိုင်ကိုအသုံးပြုပေးပါ။