သွေးချိုပမာဏ အလွန်အမင်းမြင့်မားခြင်းက ပြင်းထန်တဲ့ပျက်စီးမှုတွေကို ဖြစ်လာစေနိုင်တယ်ဆိုတာ လူအများစုကသိနားမလည်ကြပါဘူး။ ဆီးချိုသမား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သွေးချိုမြင့်တက်ခြင်းက သင့်ရဲ့အကြောများ၊ အင်္ဂါအစိတ်အပိုင်းများနှင့် သွေးကြောများကို ပျက်စီးမှုများဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးပြဿနာကတော့ သွေးချိုပမာဏနိမ့်ကျမသွားတဲ့အခါမှာ အင်မတန်စိုးရိမ်ရတဲ့ ရောဂါပြဿနာတွေ ဖြစ်ပွားလာနိုင်တာပါပဲ။

ဒါကြောင့် သင့်ကိုယ်ခန္ဓာကို ကျန်းကျန်းမာမာရှိစေရန်နှင့် သွေးချိုပမာဏကျဆင်းရန်အတွက် ခန္ဓာကိုယ်ကပြသနေသည့် လက္ခဏာများကို သတိရှိဖို့လိုအပ်ပါတယ်။

မကြာခဏရေဆာခြင်း

သွေးချိုပမာဏမြင့်တက်တဲ့အခါမှာ ကျောက်ကပ်ကလိုက်လို့မမှီတော့ဘဲ စုပ်မယူနိုင်တော့သည့် ဂလူးကို့စ်များကိုဖယ်ရှားပစ်ရန်အတွက် ဆီးကိုမကြာခဏသွားစေပါတယ်။ ထိုမှတဆင့် ရေဓာတ်ကုန်ခန်းခြင်း ဖြစ်ပွားလာစေနိုင်ပါတယ်။

အစားအသောက်ပိုစားလာခြင်း

ဂလူးကို့စ်သည် ဆဲလ်များသို့ဝင်ရောက်နိုင်စွမ်းမရှိတော့တာကြောင့် အစားအသောက်များ ပိုစားလာစေပါတယ်။ ခန္ဓာကိုယ်သည် သင်စားသုံးလိုက်သည့်အစားအစာများကို စွမ်းအင်အဖြစ် ပြန်လည်မပြောင်းလဲပေးနိုင်တာကြောင့် ဂလူးကို့စ်ကိုထုတ်လုပ်ရန်အတွက် အစားအစာအများအပြားလိုအပ်တာဖြစ်ပါတယ်။

ဆီးမကြာခဏသွားခြင်း

ကျောက်ကပ်များဟာ သကြားဓာတ်အလွန်များခြင်းကို လိုက်မမှီနိုင်တော့တာကြောင့် အပေါ့သွားခြင်းမှတဆင့် ဖယ်ရှားရခြင်းဖြစ်ပါတယ်။ တနာရီတိုင်းတခါသွားနေရတယ်ဆိုရင်တော့ သွေးချိုပမာဏမြင့်တက်နေလို့ဖြစ်နိုင်ပါတယ်။

အချိန်ကြာကြာပင်ပန်းနွမ်းလျခြင်း

သွေးချိုပမာဏမြင့်တက်တဲ့အခါ ကျောက်ကပ်များက ဂလူးကို့စ်ကိုမစုပ်ယူနိုင်၊ စွမ်းအင်ကိုမထုတ်လုပ်နိုင်တော့တာကြောင့် မကြာခဏဆီးသွားပြီး ရေဆာလာရခြင်းဖြစ်ပါတယ်။ အင်အားမရှိဘူးဆိုလျှင် သင့်ခန္ဓာကိုယ်သည်လည်း အားနည်းကာ ပင်ပန်းနွမ်းနယ်လာမှာဖြစ်ပါတယ်။

အမြင်အာရုံးဝါးလာခြင်း

သွေးချိုမြင့်တက်ခြင်းက မျက်ဆံများကိုရောင်လာစေသောကြောင့် အမြင်အာရုံဝါးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ များသောအားဖြင့် ခဏတာသာဖြစ်ပွားတတ်သော်လည်း သေချာသိရှိရန်အတွက်ဆရာဝန်ပြဖို့ အကြံပေးချင်ပါတယ်။

ခြောက်သွေ့သောအသားအရေ

အကြောများပျက်စီးစေကာ ခန္ဓာကိုယ်ကိုလည်း အရည်များကို လျင်လျင်မြန်မြန်နှင့် ကုန်ခမ်းခြင်းကိုဖြစ်ပေါ်လာစေပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ဖြစ်လာသည့်အခါမှာ ခန္ဓာကိုယ်ရဲ့အကြောများပျက်စီးလာကာ အသားအရေလည်းခြောက်သွေ့လာစေပါတယ်။

ကိုယ်အလေးချိန်တက်လာခြင်း

ကိုယ်ခန္ဓာရှိဆဲလ်များသည် အင်ဆူလင်ကိုလုံးဝမတုံ့ပြန်တော့သည့်အခါ သွေးအတွင်းမှ ဂလူးကို့စ်ကိုယူဖို့ အလွန်ခက်ခဲလာပါတယ်။ ထိုမှတဆင့် သွေးချိုပမာဏလည်း တဖြည်းဖြည်းစုပေါင်းလာကာ ကိုယ်အလေးချိန်တက်လာစေပါတယ်။