အလုပ်မဝင်ခင်ကပိန်ပိန်လေး ခုမှဝလာတယ်လို့ မကြာခဏငြီးတွားသံကို ကြားဖူးကြပါသလား။ အထိုင်များတာနဲ့မဆိုင်ဘဲ စိတ်ဖိစီးမှုများတဲ့အလုပ်တွေဟာ ကိုယ်အလေးချိန်ပိုတက်စေပါတယ်။

အခုဖော်ပြမယ့်အလုပ် ၈ မျိုးထဲက တစ်မျိုးမျိုးကို သင်လုပ်နေရင်တော့ ကိုယ်အလေးချိန်ပိုတက်လာမှာသေချာပါတယ်။

ရှေ့နေ

ရှေ့နေတွေဟာ အမြဲတမ်း စိတ်ဖိစီးမှုတွေ ရှိနေပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေ ကြားနေရတဲ့အရာတွေအားလုံးက စိတ်ဖိစီးစရာတွေပဲမို့ အစားပိုစားစေပြီး ကျန်းမာရေးနဲ့မညီညွှတ်တာတွေကို ပိုပြီးစားမိစေပါတယ်။ ရှေ့နေအလုပ်က ကိုယ်အလေးချိန်တက်စေတဲ့အလုပ်ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်ဆိုင်ရာလက်ထောက်ဝန်ထမ်းတွေ (Admin Assistant)

ရုံး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လက်ထောက်ဝန်ထမ်းအလုပ်ဟာလည်း မတူညီတဲ့လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံရတယ် အရာအားလုံးကို အဆင်ပြေအောင် အထက်အောက် ညှိနှိုင်းပေးရတယ် သူ့အပူ ကိုယ့်အပူလို မျှဝေခံစားပေးနေရလို့ စိတ်ဖိစီးမှု များတဲ့သူတွေဖြစ်ပါတယ်။ ကွန်ပျူတာရှေ့အမြဲထိုင်ပြီး လေ့ကျင့်ခန်းလုပ်တာနည်းလို့ ကိုယ်အလေးချိန်တက်စေပါတယ်။ အမှန်အကန် အလုပ်လုပ်တဲ့သူတွေဟာ ပိုပြီး ကိုယ်အလေးချိန်တက်ကြပါတယ်။

ရဲအရာရှိ

ရဲအရာရှိတွေတော်တော်များများကိုကြည့်လိုက်ပါ။ ၀ တဲ့သူတွေများပါတယ်နော်။ တစ်ချို့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းလိုက်စားတဲ့ ရဲအရာရှိတွေကလွဲရင် ဝိတ်များကြပါတယ်။ စိတ်ဖိစီးမှုအများဆုံးအလုပ်တစ်ခုလည်းဖြစ်ပြီး အမြဲလိုလို အလုပ်များလို့ အိမ်မှာထမင်းမစားနိုင်ကြပါဘူး။ အမြန်စားအစားအစာတွေကို မကြာခဏစားမိလို့ ကိုယ်အလေးချိန်တက်ကြပါတယ်။

IT သမားတွေ

IT သမားတွေဟာ နာရီတိုင်း အပတ်တိုင်းမှာ စိတ်ဖိစီးမှုအများအပြားနဲ့ နေ့စဉ်ကြုံတွေ့ရပါတယ်။ ညည့်နက်ထိအလုပ်လုပ်ရတာ အလုပ်ချိန်ပိုလုပ်ရတာတွေဟာ အစာစားချိန်မမှန်တာ ကျန်းမာရေးနဲ့မညီညွှတ်တာတွေစားမိတာကြောင့် ကိုယ်အလေးချိန်တက်ကြပါတယ်။

လူမှုဝန်ထမ်းတွေ

လူမှုဝန်ထမ်းအလုပ်သမားတွေဟာ အမြဲလိုလိုစားပွဲတစ်လုံးမှာထိုင်နေရပြီး လာသမျှဖုန်းတွေကို ဖြေကြားရတာမျိုးလုပ်ရပါတယ်။ ဒါ့ကြောင့်လည်း စားပွဲပေါ်မှာပဲ အမြန်စားအစားအစာတွေ စားတတ်ပြီး လေ့ကျင့်ခန်းလုပ်လိုစိတ်နည်းတာကြောင့် ကိုယ်အလေးချိန်အတက်မြန်ပါတယ်။

ခရီးသွားကိုယ်စားလှယ်

ခရီးသွားရတဲ့အလုပ်ကို လုပ်နေတဲ့သူတွေဟာလည်း နေရာတစ်ခု ကိုယ့်ရဲ့ စားသုံးသူ သုံးစွဲသူတွေကို တွေ့ဆုံဖို့အတွက် အမြဲလိုလို စိတ်ဖိစီးမှုများနေတတ်ပါတယ်။ မိသားစုနဲ့ အပျော်ခရီးထွက်တာမျိုးကို ဆိုလိုချင်တာမဟုတ်ပါဘူး။ ကိုယ့်ကုန်ပစ္စည်းဈေးကွက်ဖောက်ဖို့အတွက် ဒါမှမဟုတ် တခြားသူခရီးသွားဖို့အတွက် အဆင်ပြေအောင် စီမံပေးရတဲ့သူတွေဟာလည်း ကိုယ်အလေးချိန် တက်မြန်ပါတယ်။

Marketing နဲ့ PR တွေ

Marketing နဲ့ PR တွေဟာလည်း အမြဲလိုလို အလုပ်အချိန်ဇယားနဲ့ပြည့်နေတတ်ပြီး အချိန်မှီအလုပ်လုပ်နိုင်ဖို့အတွက် အမြဲလိုလို စိတ်ဖိစီးနေရတတ်ပါတယ်။

ပန်းချီဆရာ၊ ဒီဇိုင်းလ်နာ၊ ဗိသုကာပညာရှင်တွေ

သူတို့တွေဟာလည်း ပန်းချီကားတစ်ချပ်ကိုဖန်တီးဖို့ ဒီဇိုင်းလ်တစ်ခုကိုဖန်တီးဖို့အတွက် အမြဲလိုလိုခေါင်းစား အလုပ်ရှုပ်နေတတ်ပါတယ်။ အားလပ်ချိန်မရှိလို့ ရတဲ့အချိန်တွေမှာ အမြန်စားအစားအစာကို ခပ်မြန်မြန်စားလိုက်တာမျိုး ဖြစ်တတ်လို့ ကိုယ်အလေးချိန်အတက်မြန်တဲ့ အလုပ်တွေထဲမှာ ပါဝင်ပါတယ်။

ဒီလိုအလုပ်ကိုလုပ်နေသူတွေဟာ

ဓါတ်လှေကားအစား ရိုးရိုးလှေကားသုံးမယ်။ လမ်းလျှောက်မယ်၊ မတ်တပ်ရပ်မယ်။ အမြန်စားအစားအစာတွေမစားဘဲ ကိုယ်တိုင်ချက်တဲ့ထမင်းထုပ်လာမယ်။ ရေများများသောက်မယ်။ ကော်ဖီ၊ အာဖြည့်အချိုရည်တွေအစား ရေကိုအစားထိုးသောက်မယ်။ စိတ်ဖိစီးမှုနည်းအောင် သီချင်းနားထောင်မယ်။ ရောဂကျင့်မယ်။ လေ့ကျင့်ခန်းလုပ်မယ်။