ဘလူးဘယ်ရီသီးတွေဟာ အရွယ်အစားသေးပြီး အရသာရှိတဲ့အသီးဖြစ်ပါတယ်။ အသီးအမျိုးပေါင်း ၄၀၀ လောက်ရှိပြီး မြောက်အာဖိကနဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ဘလူးဘယ်ရီသီးကို အဓိကစိုက်ပျိုး ထုတ်လုပ်၊ စားသုံးကြပါတယ်။

ဘလူးဘယ်ရီသီးကို ကိတ်တွေ၊ ယိုတွေ၊ ဝိုင်တွေ လုပ်တဲ့နေရာမှာ အဓိကအသုံးများကြပြီး တခြားနေရာတွေမှာလည်း အသုံးပြုကြပါတယ်။ ဘလူးဘယ်ရီးသီးစားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ကင်ဆာကာကွယ်ပေးနိုင်ခြင်း

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

ဘလူးဘယ်ရီသီးတွေဟာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ၊ ကင်ဆာအကြိတ်တွေ ကြီးထွား ပြန့်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တဲ့အသီးပါ။ Folic Acid ပါဝင်လို့လည်း DNA တွေကို ပြန်ပြီးပြုပြင်ပေးပါတယ်။

၂။ အရိုးနဲ့ သွားတွေကို သန်မာစေခြင်း

အရိုးနဲ့ သွားတွေကို သန်မာစေလို့ အရိုးရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကနေ ကာကွယ်ပေးသလို အရိုးပွရောဂါ၊ အရိုးပါးရောဂါဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K စတဲ့ဓာတ်တွေပါဝင်လို့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဘလူးဘယ်ရီသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်လို့ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားများခြင်းကနေလည်း ကာကွယ်ပေးလို့ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

၄။ ဆီးချိုကာကွယ်ပေးခြင်း

သွေးထဲမှာ သကြားပါဝင်မှုများတဲ့သူတွေ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေရှိတဲ့သူတွေအနေနဲ့ ဘလူးဘယ်ရီသီးကို စားပေးသင့်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အမျှင်ဓာတ်နဲ့ Antioxidant ပါဝင်လို့ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပါတယ်။

၅။ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေခြင်း

ဘလူးဘယ်ရီသီးကို ပုံမှန်စားပေးရင် မှတ်ဉာဏ်အတွက်ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကိ ုလျှော့ချပေးလို့လည်း ဦးနှောက်ကျန်းမာရေးအတွက် သင့်တော်တဲ့အသီးပါ။

၆။ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ကာကွယ်ပေးခြင်း

Ph ပါဝင်မှုမြင့်မားသလို Antibacterial Compound ဓာတ်တွေပါဝင်လို့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေသလို ဆီးဝမ်းလေမှန်စေပါတယ်။

၇။ မျက်လုံးကျန်းမာရေး

Carotenoid နဲ့ ဗီတာမင် E ပါဝင်လို့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပြီး မျက်လုံးကို ကျန်းမာစေပါတယ်။

၈။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း

ဘလူးဘယ်ရီသီးကို ပုံမှန်စားပေးရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးများစွာရှိလို အရွယ်တင်နုပျိုစေတဲ့အသီးပါ။ အချိန်မတန်ခင် အရေးကြောင်းဖြစ်ပေါ်ခြင်း အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။