Christoper Columbus က သင်္ဘောသီးကို အသီးတွေရဲ့နတ်သမီး အဖြစ် တင်စားထားပါတယ်။ အဲဒါကလည်း ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာအတွက် အကျိုးအများကြီးရှိစေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။နောက်ပြီး သူ့ရဲ့အရသာက အလွန်ချိုမြိန်ပြီး အပတ်တိုင်းစားသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။
အကယ်လို့သင်က တစ်ပတ်တစ်ရက်ကို သင်္ဘောသီးစားရင် ရရှိနိုင်မယ့်အံ့ဖွယ်အကျိုးကျေးဇူးက
၁။ ကိုလက်စထရောကိုလျှော့ချပေးတယ်
ဒီအသီးက ကိုလက်စထရောကိုကျဆင်းစေသည့် အမျှင်ဓာတ် ကြွယ်ဝပြီး ၎င်းတွင်ပါဝင်သော antioxidantsနှင့်ဗီတာမင်က
နှလုံးရောဂါကိုကာကွယ်တားဆီးပေးပါတယ်။
၂။သန်ကောင်နှင့်ကပ်ပါးကောင်ကိုဖယ်ရှားပေးတယ်
Source: Shutterstock
သန်ကောင်၊ကပ်ပါးကောင်များက သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
သင်္ဘောသီးက ကပ်ပါးကောင်များ၏ဥများကို ဖယ်ရှားပေးနိုင်ဖို့အတွက်အကူအညီဖြစ်စေတယ်။
၃။ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတယ်
Source:Udemy
သင်္ဘောသီးတွင် ကိုယ်ခံစွမ်းအားမြှင့်တင်စေတဲ့ အာဟာရဖြစ်စေသော ဗီတာမင်အေ၊စီနှင့်အီ ပါဝင်တဲ့အတွက်
သင့်ရဲ့ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ်။
၄။ရောင်ရမ်းခြင်းကိုလျှော့ကျစေတယ်
သင်္ဘောသီးတွင်ရောင်ရမ်းခြင်းဆန့်ကျင်သောဂုဏ်သတ္တိရှိသည်။ အဆုတ်ရောင်နာ၊ အဆစ်နာခြင်း၊ ဂေါက်ရောဂါတွေအတွက် အထောက်အကူဖြစ်စေပါတယ်။
၅။အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။
သင်္ဘောသီးမှ ရရှိတဲ့အာဟာရဓာတ်များစွာ ပါဝင်သော ဗီတာမင်စီ၊ အီးနှင့် antioxidants တို့ကအိုမင်းခြင်းကိုနှောင့်နှေးစေပါတယ်။ဒါ့အပြင်
သင့်အရေပြားကိုထိတွေ့စေသောနေရောင်ခြည်ဒဏ်များ၊ အမဲစက်များနှင့်အရေးအကြောင်းများမှကာကွယ်ပေးပါတယ်။
၆။သွေးပေါင်ချိန်ကျစေပါတယ်။
သင်္ဘောသီးတွင် carpaine ပါရှိသောကြောင့် သွေးပေါင်ချိန်ကိုလျှော့ချပေးနိုင်ပါတယ်။
၇။Stressကိုလည်းလျှော့ချပေးပါတယ်။
သင်္ဘောသီးတွင်ပါဝင်သော ဗီတာမင်စီကို အသုံးပြုခြင်းဖြင့်စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်။
Alabama တက္ကသိုလ်မှပြုလုပ်သောလေ့လာမှုတစ်ခုအရ သင်္ဘောသီးက စိတ်ဖိစီးမှုဟော်မုန်းစီးဆင်းမှုကိုထိန်းချုပ်ပေးပါတယ်။
အဲဒါကြောင့်အခုပဲသင်္ဘောသီးကို အနည်းဆုံး တစ်ပတ်တစ်ရက် စားခြင်းဖြင့် ကျန်းမာသာယာသောနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်…