ငှက်ပျောသီးက ဈေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရပေမယ့် သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ငှက်ပျောသီးက ဝမ်းချုပ်တာတွေ၊ အရက်နာကျတာ၊ ကင်ဆာကို ကာကွယ်ပေးပြီး တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။

သုတေသန ရလဒ်များအရ ငှက်ပျောသီး ၂ လုံးစားရင် မိနစ်၉၀လောက် အလုပ်လုပ်နိုင်ပါတယ်။ နေ့စဉ် ငှက်ပျောသီးစားရင် ဖျားနာတာတွေနဲ့ တခြား ရောဂါတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အရက်နာကျတာကို သက်သာစေ

ငှက်ပျောသီးက အရက်နာကျတာကို သက်သာစေပါတယ်။ ငှက်ပျောသီး ၂လုံးကို ဖျော်စက်ထဲထည့်ဖျော်ပြီး ချိုတဲ့အရသာ ရဖို့အတွက် ပျားရည်အနည်းငယ်ထည့်ပါ။ သစ်ချပိုးခေါင် အနည်းငယ်ကို ငှက်ပျောသီး ဖျော်ရည်ထဲထည့်ပြီး အအေးခံကာသောက်လို့ရပါတယ်။ ဒီငှက်ပျောသီးအအေးက အရက်နာကျတာကို ချက်ချင်းပျောက်ကင်းအောင်လုပ်ဆောင်နိုင်ပါတယ်။ ငှက်ပျောသီး အအေးကို မသောက်ချင်ရင် ငှက်ပျောသီး ၂လုံးစားလို့လည်းရပါတယ်။

အစာချေစနစ်ကို ထောက်ပံ့ပေး

ငှက်ပျောသီးမှာ Pection ဓာတ်ပါဝင်တာကြောင့် အစာချေစနစ်ကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေပါဝင်တာကြောင့် အစာအိမ်ဟောင်း လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်ပါဝင်မှုနှုန်းများတာကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ ဝမ်းချုပ် တဲ့သူတွေက မနက်အိမ်ရာထချိန်မှာ ငှက်ပျောသီး တစ်လုံး စားသင့်ပါတယ်။

သွေးတိုးတာကို ကာကွယ်ပေး

ငှက်ပျောသီး အသေးတစ်လုံးမှာတောင် ပိုတက်ဆီယမ် 422 mg ပါဝင်တာကြောင့် သွေးအားနည်းသူတွေအတွက် သင့်လျော်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ပါဝင်မှုနှုန်းများတာကြောင့် သွေးတိုးတာကိုလည်း လျော့ချ ထိန်းညှိပေးပါတယ်။

ကျန်းမာသည့် ဆဲလ်တွေကို ပိုများအောင် လုပ်ဆောင်ပေးနိုင်

ငှက်ပျောသီးက ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ ဆဲလ်တွေကို ပိုများအောင် လုပ်ဆောင်ပေးပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin B6 ရဲ့ ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ Vitamin B6 က အင်ဆူလင် (Insulin)၊ ဟီမိုဂလိုပင် (Hemoglobin) နဲ့ Non-essential Amino Acids တို့ပါဝင်တာကြောင့် ကျန်းမာတဲ့ ဆဲလ်တွေဖန်တီပေးပါတယ်။

သွေးနီဥ နည်းတဲ့ရောဂါကို တိုက်ဖျက်ပေး

သွေးနီဥနည်းတဲ့ ရောဂါမှာ ခန္ဓာကိုယ်အတွင်း ဟီမိုဂလိုပင် (Haemoglobin) ပါဝင်မှုနည်းတာကြောင့် ပင်ပန်းလွယ်၊ အားနည်းတာတွေဖြစ်စေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားပေးရင် ဟီမိုဂလိုပင် ဓာတ်ကို တိုးမြှင့်ပေးပြီး သံဓာတ်ကိုလည်း များစေပါတယ်။