ဦးနှောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှုပ်ထွေးဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါတစ်ခုပါပဲ။ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာလုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက် ဘာတွေစားပေးသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ချော့ကလက်အမည်း

ချော့ကလက်စားမယ်ဆိုရင် ကိုကိုး အနည်းဆုံး ၆၀% ပါတဲ့ ချော့ကလက်အမည်းရောင်ကိုစားပေးသင့်ပါတယ်။ ချော့ကလက်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဗီတာမင် B ပါဝင်လို့လည်း ဟော်မုန်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၂။ သဘာ၀ ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးလို့ သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

၃။ ကွေကာအုတ်။

ကွေကာအုတ်မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ ဗီတာမင် B1 လည်းကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါပဲ။

၄။ ကြက်သွန်နီ

ကြက်သွန်နီဟာ Antioxidant  တွေကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ အာရုံကြောရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ငါးဆီ

ငါးကနေရတဲ့အဆီမှာ Omega 3 Fatty Acid ပါဝင်လို့ နှလုံး ကိုကျန်းမာစေပါတယ်။ နှလုံးသွေးကြောကို သန့်စင်ပေးနိုင်သလို သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် လေဖြတ်တာမျိုးကိုလည်း ကာကွယ်ပေးပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။

၆။ ထောပတ်သီး

အရသာရှိတဲ့ ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓာတ်တွေ၊ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ Omega 3 ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် E ပါဝင်လို့လည်း သင့်အတွက် ကောင်းမွန်စေပါတယ်။

၇။ သံလွင်ဆီ

သံလွင်ဆီဟာ ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို သန့စင်ပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အာရုံကြောအတွက်လည်းကောင်းမွန်ပြီး ဦးနှောက်စွမ်းဆောင်ရည်နဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။