တစ်ခါတရံမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲနဲ့ တဝါးဝါးသမ်းနေပြီးတော့ အိပ်ချင်လာပြီဆိုရင် သင် ဘာစားထားလဲဆိုတာကို ပြန်စဉ်းစားဖို့လိုပါပြီ။ သင် စားသုံးတဲ့အစားအစာတွေက သင့်ကို အိပ်ချင်စိတ်တွေ ဖြစ်ပေါ်စေလို့ပါပဲ။ ဘယ်အစားအစာက အိပ်ချင်စိတ်ကို ဖြစ်စေတာလဲဆိုတော့-

၁။ အဆီဓာတ်ကြွယ်ဝစွာ ပါဝင်သော ငါး

ဆော်လမွန်ငါး၊ တူနာငါးနဲ့ အခြားအဆီဓာတ်ကြွယ်ဝစွာပါဝင်သော ငါးတွေမှာ Melatonin လို့ခေါ်တဲ့ ဟော်မုန်းကို တိုးမြှင့်ပေးတဲ့ အက်စစ်ဓာတ်ပါဝင်ပါတယ်။ အဲ့ဒီ အက်စစ်က သွေးထဲမှာ ပါဝင်တဲ့ စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေကို လျော့ချပေးတဲ့အပြင် စားသုံးပြီးရင်လည်း အိပ်ချင်လာပါလိမ့်မယ်။

၂။ ထမင်းဖြူ

Photo Source: www.thespruceeats.com

ထမင်းစားပြီးပါက ၃ နာရီ ၄နာရီကြာအထိ ငိုက်မြည်းခြင်းကို ဖြစ်ပေါ်စေတဲ့ဓာတ်များ ထမင်းဖြူထဲမှာ ပါဝင်ပါတယ်။ လေ့လာချက်များအရ စံပယ်ထမင်းက အခြားသောထမင်းဖြူတွေထက်စာရင် ပိုပြီးအိပ်ငိုက်စေတတ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၃။ ဖရုံစေ့

ဖရုံစေ့ထဲမှာပါဝင်တဲ့ ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမိုင်နိုအက်စစ်ဓာတ်ဒြပ်ပေါင်းများက သင့်ကိုစိတ်တည်ငြိမ်စေပြီး စိတ်အပန်းပြေစေတဲ့အပြင် တစ်ရေးတစ်မောအိပ်ချင်စိတ်ကိုလည်း တားမရဆီးမရ ဖြစ်ပေါ်စေပါတယ်။

၄။ ကမ်မိုမိုင် လက်ဖက်ရည်

ဥရောပတိုက်မှာ ပေါက်ရောက်လေ့ရှိတဲ့ ကမ်မိုမိုင် ဆေးဘက်ဝင်အပင်တစ်မျိုးဟာ Glycine ခေါ် အမိုင်နိုအက်စစ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုအက်စစ်ဓာတ်က ကြွက်သားများကို ပြေလျော့ပေးပြီး အာရုံကြောစနစ်ကို ငြိမ်သက်သွားစေတဲ့အာနိသင်ရှိပါတယ်။ ကမ်မိုမိုင်လက်ဖက်ရည်တစ်ခွက် သောက်သုံးပြီးရင် သင့်မျက်ခွံများကို လေးပင်သွားစေပြီး အရေးကြီးတဲ့အလုပ်တွေ အာရုံစိုက်မရဖြစ်တတ်ပါတယ်။

၅။ ချယ်ရီသီးများ

ချယ်ရီသီးထဲမှာ Melatonin ဟော်မုန်းဓာတ် မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် လတ်ဆတ်တဲ့ ချယ်ရီသီးပဲဖြစ်ဖြစ်၊ ချယ်ရီဖျော်ရည်ပဲဖြစ်ဖြစ်၊ ချယ်ရီသီးယိုပဲဖြစ်ဖြစ် စားမိတာနဲ့ သင့်ကို အိပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ပြုလုပ်ပါတော့တယ်။

၆။ ငှက်ပျောသီး

ငှက်ပျောသီးထဲမှာ သကြားဓာတ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် စားသုံးပြီးပါက Tryptophan ခေါ် အမိုင်နိုအက်စစ်ဓာတ်က သင့်ဦးနှောက်ဆီသို့ အလွယ်တကူဝင်ရောက်သွားပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

၇။ နို့နှင့် နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေထဲမှာမှ ဒိန်ခဲက ကယ်လစီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သင့်ကိုစိတ်အပန်းပြေစေပါတယ်။ ဘီစကွတ်အကြွပ်ကို ချိစ်သုတ်စားမယ်ဆိုရင် ကာဗိုဟိုက်ဒြိုက်ဓာတ်က Tryptophan ကို လှုံ့ဆော်မှုပေးပြီး တမှေးလောက်အိပ်ချင်အောင် ပြုလုပ်ပါတယ်။

Source: Brightside.me