သွေးကြောပိတ်ဆို့ခြင်းဟာ သက်ကြီးရွယ်အိုများမှာသာလျှင် ဖြစ်ပေါ်တတ်တဲ့ ပြဿနာတစ်ခုဆိုပြီးတော့ လူအများစုက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောတွေအတွင်းမှာ ပိတ်ဆို့မှုတွေက ဖြစ်ပေါ်လာပါပြီ။ ဒါကြောင့် ထိုရောဂါဟာ လူအများစုမှာ ဖြစ်ပွားလေ့ရှိပြီး တကယ်တမ်းဖြစ်နေတာကို သိနားမလည်သည့်အတွက်ကြောင့် နောက်ကျတော့မှ သိတာမျိုးဖြစ်ပွားတတ်ပါတယ်။

ထို့အတွက် သွေးကြောပိတ်ဆို့ခြင်းဖြစ်ပေါ်ပါက အချိန်မှီ ဆရာဝန်ထံ သွားရောက်ပြသနိုင်ဖို့အတွက် ဘယ်လိုလက္ခဏာမျိုးတွေ ပြတတ်လဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

၁။ ခြေသလုံး၊ ပေါင်တံနှင့် တင်ပါးတို့မှာ နာကျင်ဝေဒနာခံစားရခြင်း

လမ်းလျှောက်တဲ့အခါမျိုးတွေမှာ ခြေထောက်နာကျင်ဝေဒနာခံစားရခြင်းဟာ သွေးကြောပိတ်ဆို့ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ခြေထောက်လက်ထောက်တွေက လုံလောက်တဲ့သွေးစီးဆင်းမှုမရှိဘူးဆိုတာကို ဖော်ပြနေတာဖြစ်ပြီး လက္ခဏာတွေထဲမှာ ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်းတို့ပါဝင်နေပါတယ်။

၂။ ရင်ဘတ်အောင့်ခြင်း

နှလုံးသို့ သွေးစီးဆင်းမှုနည်းပါးသည့်အခါ ရင်ဘတ်အောင့်ခြင်းကိုခံစားရပြီး ထိုမှတဆင့် တင်းရင်းခြင်း၊ ထုံကျင်ခြင်း၊ လေးလံခြင်း သို့မဟုတ် ရင်ပူခြင်းတို့ကိုပါ ခံစားလာရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်မျိုးကို အနားယူနေသည့်အခါမှာ ခံစားရလေ့မရှိသည့်အကြောင်းအရင်းကတော့ စိတ်ရောကိုယ်ပါ လှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်ပါ။

၃။ မျက်လုံးတစ်ဖက်ဝေဝါးလာခြင်း

မေ့ကြောသွေးကြောများဟာ ကျွနု်ပ်တို့ရဲ့ မျက်လုံးတွေ၊ ဦးနှောက်တွေကို ထောက်ပံ့ပေးထားတာကြောင့် ထိုသွေးကြောများပိတ်ဆို့နေပါက ယာယံအာရုံဝေဝါးခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်လုံးနှစ်ဖက်လုံးသွေးကြောတွေ ပိတ်ဆို့သွားပါက လေဖြတ်ခြင်းကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာမျိုးကို အထူးသတိထားသင့်ပါတယ်။

၄။ ကျောအောက်ပိုင်းနာကျင်ခြင်း

သွေးကြောပိတ်ဆို့ခြင်းရဲ့ ပထမဦးဆုံး လက္ခဏာဖြစ်ပြီး ကျောအောက်ပိုင်းနာကျင်ခြင်းဟာ လျစ်လျူမရှုထားသင့်တဲ့ လက္ခဏာတစ်ခုပါ။ ကျောအောက်ပိုင်းသို့ သွေးစီးဆင်းမှုလျော့နည်းလာသည့်အခါ ကျောရိုးအဆစ်ကြားရှိ အဆစ်တွေဟာ ကျိုးဆတ်လွယ်လာပြီး ထိုမှတဆင့် အကြောတွေဆစ်ခနဲ ဆစ်ခနဲ ထိုးခြင်းတို့ဖြစ်ပွားလာရတာပါ။

၅။ အသက်ရှူရခက်ခဲလာခြင်း

ဒီလိုလက္ခဏာမျိုးဟာ နှလုံးပတ်သွေးလွှတ်ကြောများ ပျက်စီးလာသည့်အခါ ဖြစ်ပွားတတ်ပြီး ခန္ဓာကိုယ်က လိုအပ်သော သွေးလုံလုံလောက်လောက်ကို နှလုံးမှပန်းထုတ်မပေးနိုင်သည့်အတွက်ကြောင့် ခံစားရခြင်းဖြစ်ပါတယ်။

၆။ ခြေဖျားလက်ဖျားအေးစက်လာခြင်း

ခြေထောက်တွေအေးစက်လာရခြင်းဟာ ခန္ဓာကိုယ်အတွင်းက ကျဉ်းမြောင်းသော သွေးကြောများမှနေပြီး ခြေထောက်လက်ထောက်များသို့ သွေးမစီးဆင်းနိုင်တော့တာကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာတွေ အလွယ်တကူမကျက်သည့်အခါ သို့မဟုတ် သွေးခုန်နှုန်းအားနည်းလာသည့်အခါတွေမှာ ဆရာဝန်နဲ့ပြသဖို့လိုလာပါပြီ။

၇။ ပင်ပန်းနွမ်းလျပြီး ရီဝေဝေဖြစ်ခြင်း

ဒီလိုလက္ခဏာတွေဟာ သွေးလည်ပတ်အားမကောင်းရာမှတဆင့် အောက်ဆီဂျင်ပမာဏနည်းပါးလာခြင်းရဲ့ လက္ခဏာတစ်ခုအနေနဲ့ ပေါ်ပေါက်လာရခြင်းဖြစ်ပြီး အမျိုးသမီးများကြားမှာ ပိုပြီးအဖြစ်များတတ်ပါတယ်။

Credit: BrightSide