တော်တော်များများရဲ့အိမ်မှာ သံလွင်ဆီ တစ်ပုလင်း ဒါမှမဟုတ် နှစ်ဘူး ရှိတယ်ကြပါတယ်။ ဒါပေမယ့်  သံလွင်ဆီကိုလိမ်းဖို့ကလွဲပြီး သံလွင်ဆီရဲ့အသုံးဝင်ပုံကိုတော့ သိပ်မသိကြပါဘူး။ တကယ်တော့ သံလွင်ဆီဆိုတာ သဘာဝဆေးတစ်လက်ပါ။

သံပရာသီးနဲ့ ပေါင်းစပ်ပြီး မနက်ခင်းမှာ စားပေးရင် အထူးသဖြင့် ဗိုက်အတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး တစ်နေ့တာလုံးကို လန်းဆန်းစေပါတယ်။

အဆိပ်အတောက်ကင်းစေခြင်း

သံလွင်ဆီနဲ့ သံပုရာသီးကို စားပေးရင် အစာခြေစနစ်၊ အသည်းနဲ့ သည်းခြေအိတ်တွေရဲ့  အဆိပ်အတောက်တွေကို အချိန်တိုအတွင်း သန့်စင်ပေးနိုင်ပါတယ်။ သံလွင်ဆီနဲ့ သံပုရာသီး ရောထားတဲ့ခွက်ထဲကို ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၊ မသောက်ခင် သေချာမွှေပေးပါ။

ဝမ်းချုပ်သက်သာစေခြင်း

သံပုရာနဲ့ သံလွင်ဆီ ရောသောက်ရင် အစာအိမ်လမ်းကြောင်းကိုကောင်းမွန်စေပြီး ဆီးအိမ်နဲ့ ဆီးအိမ်ရဲ့ လုပ်ဆောင်ချက်ကို တက်ကြွစေပါတယ်။ သူ့မှာ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီပေးတဲ့ Antioxidants တွေ ပါ၀င်ပြီး အစာချေဖျက်ဖို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ကူညီပေးပါတယ်။

လက်သည်းအားကောင်းစေခြင်း

အားနည်းပြီး ကြွပ်ဆတ်တဲ့ လက်သည်းတွေကို သန်မာစေဖို့အတွက် သံလွင်ဆီနဲ့ သံပုရာရည်ကို ဇလုံတစ်ခုထဲမှာ ရောပြီး ညအိပ်ရာမဝင်ခင် ၁၀ မိနစ်ခန့် လက်သည်းတွေကို စိမ်ပေးပါ။ သံလွင်ဆီနဲ့ သံပုရာရည်က လက်သည်းအတွင်းထိစိမ်းဝင်ပြီး ပျက်စီးနေတဲ့ လက်သည်းတွေကို ပြန်လည်ပြုပြင်ပေးတာကြောင့် အားနည်းတဲ့လက်သည်းတွေကို အားကောင်းစေပါတယ်။

ဆံပင်နဲ့အသားအရေအားဖြည့်ခြင်း

သံလွင်ဆီနဲ့  သံပရာရည်က အသားအရေနဲ့ဆံပင်ကို အာဟာရဖြည့်ပေးပြီး ကျန်းမာသန်စွမ်း တောက်ပြောင်စေပါတယ်။ သံလွင်ဆီမှာ  ဗီတာမင် E နဲ့   Antioxidants နှစ်မျိုးလုံး ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ သံပယိုသီးမှာပါတဲ့ ဗီတာမင် C ဟာ ဆံပင်၊ လက်သည်းနဲ့ အသားအရေကို သန်စွမ်းတောက်ပြောင်စေနိုင်စွမ်းရှိပါတယ်။သံလွင်ဆီရဲ့ အရည်အသွေး ပိုကောင်းလေ၊ သင့်အတွက် ပိုအကျိုးရှိလေပါ။

ဝိတ်ကျစေခြင်း

သံပုရာသီးမှာ ကိုယ်အလေးချိန်မတတ်အောင် ကာကွယ်ပေးနိုင်တဲ့ အပင်ဒြပ်ပေါင်းများစွာပါဝင်တဲ့အပြင် သံလွင်ဆီကလည်း  ခန္ဓာကိုယ်အလေးချိန်အပေါ် အကျိုးပြုတဲ့ အကျိုး သက်ရောက်မှုများစွာ ရှိတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့အစီအစဉ်ရှိတယ်ဆိုရင် သံလွင်ဆီနဲ့ သံပုရာဖျော်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက် သောက်လိုက်ပါ။

အဆစ်အမြစ်နာသက်သာစေခြင်း

သံလွင်ဆီ တစ်ဇွန်းနဲ့ သံပုရာရည် ၃စက်ကို မနက်ခင်းတိုင်းမှာ ဆက်တိုက် သောက်ကြည့်ပါ။ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေကြောင့် အဆစ် သို့မဟုတ် အဆစ်အမြစ် နာတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

အအေးမိခြင်းကိုသက်သာစေခြင်း

သံလွင်ဆီက အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းကနေ ကင်းဝေးစေပြီး အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကနေ ချွဲသလိပ်ထွက်ခြင်းကို လျှော့ချပေးကာ လည်ချောင်း  ပိုးဝင်ခြင်း နဲ့ သာမန်အအေးမိ ဖျားနာခြင်းတို့ကို သက်သာစေပါတယ်။