အသားအရေခြောက်သွေ့တယ်ဆိုတာက ကိုယ်ဝန်ဆောင်နေစဉ်ကြုံတွေ့ရတဲ့ မဖြစ်လောက်ဖွယ်ပြဿနာလေးတွေထဲက တစ်ခုပါပဲ။ နည်းလမ်းကောင်းလေးတွေကိုသာ သိထားမယ်ဆိုရင် ကုသရတာကမခက်ပါဘူး။ အသားအရေဟာ အင်မတန်ဂရုစိုက်ရမယ့် အရာတွေထဲကတစ်ခုအပါအဝင်မို့လို့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အပြည့်လှပနေစေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ဗီတာမင်အီးအဆီ
ခြောက်သွေ့တဲ့အသားအရေတွေနဲ့အကြောပြတ်တာတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ မှန်မှန်သုံးပေးမယ်ဆိုရင် အသားယားယံခြောက်သွေ့တာတွေကို လုံးဝပျောက်ကင်းစေနိုင်ပါတယ်။
၂။ ဒိန်ချဉ်
အစိုဓာတ်အထူးပါဝင်တဲ့ဒိန်ချဉ်က သင့်အသားအရေရဲ့ဝင်းလက်တောက်ပမှုကို ထုတ်ဖော်ပေးနိုင်ပါတယ်။ တစ်နေ့လျှင်တစ်ကြိမ် ဖြစ်ပေါ်နေတဲ့အသားအရေပေါ်ညှင်သာစွာသုတ်လိမ်းပေးပြီး ရလဒ်ကောင်းတွေတွေ့မြင်လာမှာပါ။
၃။ ရေချိုးချိန်ကိုကန့်သတ်ပါ။
ရေနွေးနွေးလေးနဲ့စိမ်ပြေနပြေချိုးတာက ကိုက်ခဲနာကျင်မှုတွေကိုသက်သာစေတာမှန်ပေမယ့်လည်း အသားအရေကိုအလွန်ခြောက်သွေ့သွားစေလို့ အကြာကြီးရေမချိုးပါနဲ့။
၄။ ရေနွေးငွေ့ကိုရှောင်ကြဉ်ပါ။
ရေနွေးငွေ့တွေက အသားအရေချေးချွတ်ပေးသော်လည်း အသားအရေခြောက်သွေ့စေနိုင်တဲ့ ဆန့်ကျင်ဖက်သက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရေနွေးငွေ့ကိုအထူးရှောင်ကြဉ်ပါ။
၅။ အသားအရေချေးချွတ်ခြင်းမလုပ်ပါနဲ့
ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေဟာ အသားအရေအထိမခံဖြစ်တတ်လွန်းလို့ ချေးချွတ်ခြင်းတို့ကအသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့်မျက်နှာချေးချွတ်ခြင်းပြုလုပ်မယ့်အစား ပျားရည်နဲ့ထောပတ်ပါတဲ့ mask ကိုသုံးပြီး အသားအရေထိန်းသိမ်းနိုင်ပါတယ်။
၆။ ရေသောက်ပါ။
ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်ရေဓာတ်ထိန်းသိမ်းခြင်းက သင့်ကိုကျန်းမာစေရုံသာမက ကလေးကိုလည်းရေဓာတ်အပြည့်ရှိနေစေပါတယ်။ သင့်တင့်မျှတတဲ့ရေပမာဏကိုသောက်သုံးပေးပြီး အသားအရေကိုစိုပြေမှုရှိစေမှာပါ။