သာမန်လူတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ၂၄၅-၁၉၂ ကီလိုမီတာအထိ လမ်းလျှောက်သွားလာနေကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခြေထောက်ကို ထိခိုက်မှုမရှိစေမယ့် ဖိနပ်တစ်ရံကို ရွေးချယ်တတ်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။

ဖက်ရှင်ကျဖို့လည်း လိုတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအတွက်တော့ ဘယ်အရာမှ ပိုပြီးအရေးမကြီးတာကြောင့် ဘယ်လိုဖိနပ်အမျိုးအစားတွေကို  ရှောင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ထိပ်ချွန်ဖိနပ်တွေ

ခြေချောင်းကားတဲ့သူတွေအတွက်တော့ ထိပ်ချွန်ဖိနပ်တွေက ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ စီးလိုက်တဲ့အခါ အင်မတန်ကြပ်နေမှာ ဖြစ်ပြီး ခြေချောင်းလေးတွေပေါ်မှာ ဒဏ်တွေဖြစ်သွားစေနိုင်ပါတယ်။

ခြေချောင်းတွေကို ညှစ်ထားသလိုဖြစ်တဲ့အတွက်ကြောင့် အကြောတွေကို နာကျင်စေကာ အရည်ကြည်ဖုတွေ ဖြစ်ပေါ်လာရပါတယ်။

ခြေညှပ်ဖိနပ်များ

နွေရာသီနဲ့ ကမ်းခြေသွားတဲ့အခါတွေမှာ ခြေညှပ်ဖိနပ်တွေက အထူးသင့်တော်ပါတယ်။ ဒါပေမယ့် ခြေနှစ်ချောင်းကြားမှာညှပ်ထားတဲ့ ဖိနပ်သဲကြိုးနဲ့ အသားနဲ့ပွတ်တိုက်ခြင်းဖြင့် အသားအရေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒေါက်မြင့်ဖိနပ်များ

မိန်းကလေးတိုင်းကတော့ ဒေါက်မြင့်ဖိနပ်တွေကို နှစ်သက်ကြတာချည်းပါပဲ။ လှရင်လှသလောက် အန္တရာယ်ကလည်း များလွန်းလှပါတယ်။  ဒေါက်မြင့်ဖိနပ်တွေကို မကြာခဏစီးခြင်းက ခြေချင်းဝတ်လည်ခြင်း၊ ခြေစွယ်ငုတ်ခြင်း၊ အကြောပျက်စီးခြင်းနဲ့ ခါးအောက်ပိုင်း နာကျင်ခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။

ခုံထူဖိနပ်များ

အင်မတန်မြင့်တဲ့ ခုံထူဖိနပ်တွေကို စီးခြင်းက ခြေဖနောင့်မှာဒဏ်တွေဖြစ်စေကာ ခြေထောက်နာကျင်မှုတွေကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါက ကိုယ့်အတွက် အဆင်ပြေပြီး သက်သောင့်သက်သာရှိစေမယ့် ဖိနပ်များကို ရွေးချယ်ပါ။

Source: BrightSide